Arc 8.23

3.6K 678 35
                                    

Unicode

"စု​ဝေးပွဲ​တွေအကုန်လုံးကိုသရဲ​ခြောက်တဲ့အိမ်မှာပဲလုပ်ရတယ်။ဒီ​နေရာကဒီတစ်​ခေါက်အတွက်​အရွေးခံလိုက်ရတာပဲ။ဒီမှာ​ခြောက်​​နေတဲ့ဘယ်အရာကိုမဆိုပထမဆုံးမျိုးဖြုတ်ပစ်နိုင်တဲ့သူကအောင်နိုင်သူပဲ၊ကိုယ့်ရဲ့ဂုဏ်သတင်းကိုလည်းမြှင့်တင်နိုင်မယ်။"
ဖုန်းကျင်းရဲ့အသံကအ​​မှောင်ထဲက​နေပဲ့တင်ထပ်လာတယ်။

"တခြားပ​ယောဂဆရာ​တွေကငါတို့တို့ကိုတိုက်ခိုက်ပြီး၀င်ခွင့်တံဆိပ်​ပြားတွေကိုလုယူနိုင်တယ်။
တံဆိပ်ခိုးခံရပြီဆိုရင်ထပ်ပြီး​တော့ပြိုင်ပွဲမှာပါဝင်လို့ရ​တော့မှာမဟုတ်ဘူး။"

"ကိုယ်ကသူများ​တွေအားလုံးရဲ့အမှတ်တံဆိပ်​ကိုခိုးမယ်ဆိုရင်​ရော"
ရှီရှန်းကရုတ်ခနဲမေးလိုက်တယ်။

ဖုန်းကျင်းသူမကိုပြန်​မ​ပြောခင်အချိန်ခဏ​လောက်ငေး​ကြောင်​ကြောင်ဖြစ်သွားတယ် "အဲ့ဒီလူကဆရာသခင်ဘွဲ့ကိုအပ်နှင်းခြင်းခံရမှာပဲ"

"အဲ့ဒီဘွဲ့ကအရမ်း​ကောင်းတာပဲလား"

"ကိုယ်​တော့အဲ့လိုပဲထင်တယ်"

ဒီမှာလာပြီးစု​ဝေးကြတဲ့သူ​တွေထဲကအ​တွေ့အကြုံရချင်တဲ့သူ​တွေအကုန်လုံးအပြင်မှာပဲ​ကျန်​နေခဲ့ကြတယ်။အ​တွေ့အကြုံရှိပြီးသား​သူ​တွေသာအိမ်ထဲကိုဝင်ပြီးပါဝင်နိုင်မှာဖြစ်တယ်။ဒါ​ကြောင့်ပြိုင်ပွဲဝင်သူတွေအကုန်လုံးရဲ့အမှတ်တံဆိပ်ကိုအမိအရလုယူနိုင်တယ်ဆိုရင် ဆရာသခင်ဘွဲ့ကိုခံယူနိုင်တဲ့အရည်အချင်းအင်အားပြည့်ဝသူဆိုတာကိုသက်​သေခံ​နေတယ်။ဒါကပ​ယောဂဆရာ​တွေအကြားအမြင့်မားဆုံးဂုဏ်အင်ပဲဖြစ်တယ်။

အဲ့ဒီဘွဲ့ခံယူပြီးသားသူမှန်သမျှ​သူတို့ဘယ်​နေရာပဲသွားသည်ဖြစ်​စေ​လေး​လေးစားစားဆက်ဆံခံရတယ်။

"ဟုတ်ပြီ။အဲ့ဒါဆိုအကုန်လုံးကိုသွားပြီးလုယက်ကြမယ်" ရှီရှန်းကဝတ်ရုံလက်ကို​ခေါက်တင်လိုက်ပြီးအလုပ်စလုပ်တယ်။ဖုန်းကျင်းကသူမကိုရပ်တန့်ဖို့ထက်ကူညီဖို့ကပိုပြီးလွယ်ကူတယ်ဆိုတဲ့နိဂုံးကို​
မ​ရောက်ခင်အချိန်တစ်ခုကြာတဲ့အထိ​ချင့်ချိန်​တွေးခဲ့တယ်။

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now