Arc 6.23

3.1K 582 9
                                    

Unicode

နတ်ဘုရားများနဲ့မိစ္ဆာတို့ရဲ့နယ်မြေက ရှီရှန်းဂိမ်းထဲကိုမဝင်လာခင်အထိတော့တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တယ် ရှီရှန်းအတန်းပြီးတာနဲ့ဖုန်းဖွင့်ပြီးတော့ဂိမ်းထဲကိုဝင်လာလိုက်တယ်

စစ်ပွဲဖြစ်မယ့်အရိပ်အယောင်တွေရှိနေရမယ့်အစားအခြားခေါင်းစဥ်တစ်ခုကအရမ်းကိုကျော်ကြားနေတယ်

"စန်းယွီနောက်မကျပါရဲ့အရှက်မရှိမှုပေါင်းချုပ်ကိုဖော်ထုတ်ကြမယ်''

မူရင်းပိုစ့်မှာအဓိကအချက်တွေကိုစာရင်းပြုထားတယ်

ဥပမာအားဖြင့်
စန်းယွီနောက်မကျပါကသူမနာမည်မကြီးခင်က *ငါ့ကိုအမြတ်ကြီးစားသူလို့ခေါ်ပါ*နဲ့စီးပွားရေးပါတနာတွေဖြစ်တယ် အမြတ်ကြီးစားသူကိုသူမကပစ္စည်းတွေရောင်းခိုင်းတယ်အမြတ်ကြီးစားသူကတော့အမြတ်အစွန်းကိုယူတယ်ဒါပေမဲ့ဝယ်တဲ့သူတွေနဲ့ရင်းနှီးလာတဲ့အခါမှာသူမကသူ့ကိုကျော်ပြီးတော့သူတို့တွေနဲ့ပဲတိုက်ရိုက်ဆက်သွယ်တော့တယ်အဲလိုနဲ့အမြတ်ကြီးစားသူရဲ့​ဖောက်သည်တွေကိုခိုးယူတယ်

စန်းယွီနောက်မကျပါကဥမင်တွေသွားရှင်းတဲ့အခါမှာလည်းကျလာသမျှပစ္စည်းတွေကိုသူမလိုချင်တယ်လို့ပြောလိုက်လို့လီရှို့တာ့ရှန်းကအကုန်ပေးတယ်

သူမကဒီဂိုဏ်းတစ်ခုလုံးရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတောင်မှဂိုဏ်းရဲ့သိုလှောင်ခန်းထဲကနေပစ္စည်းတွေကိုယူပြီးတော့ပြန်မပေးဘူး

သူမလုပ်ထားတဲ့ကိစ္စတွေကအကုန်ပေါ်လာတယ်
အဲ့လိုနဲ့ပဲစန်းယွီနောက်မကျပါရဲ့ပုံစံကလက်ဖက်စိမ်းမပုံစံပေါက်လာတယ်

'ဒီပိုစ့်ရေးတဲ့သူကလည်းနည်းနည်းတော့ပုံကြီးချဲ့ထားသလိုပဲ,ဇာတ်လိုက်မကစည်းပျက်ကမ်းပျက်ဆိုပေမဲ့လည်းဒီလောက်တော့မဆိုးပါဘူး'

"အားယိုး''

ရှီရှန်းကတစ်စုံတစ်ယောက်ကိုတိုက်မိသွားပြီးတော့အဲ့တစ်ယောက်ကလဲကျသွားတယ်
အဲ့ဒါကသူမအပြစ်မဟုတ်ဘဲနဲ့ဝင်တိုက်တဲ့သူရဲ့အပြစ်ပဲ

ရှီရှန်းက ခေါင်းကိုမော့ပြီးအဲဒီကောင်မလေးကိုကြည့်လိုက်တယ်သူမက အရင်တစ်ခါက ဇာတ်လိုက်မဘေးမှာရှိတဲ့ကောင်မလေးဖြစ်နေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now