Arc 7.15

4.2K 677 18
                                    

Unicode

"ခန်းမသခင်!!! ခန်းမသခင်!!! အဆင်ပြေရဲ့လား.." ငယ်သားနှစ်​ယောက်က ရှီရှန်းအ​ပေါ်က​နေ ပုကျင်းယွင်ကိုထူ​ပေးလိုက်တယ် မတ်တပ်ပြန်ရပ်ပြီးတဲ့နောက်မှာ ပုကျင်းယွင်ကမကျေမနပ်ဖြစ်သွားတဲ့အသံတစ်သံပြုလိုက်တယ်
ပုကျင်းယွင်ရဲ့အပြုအမူကြောင့် ငယ်သားနှစ်ယောက်ကစိတ်ရှုပ်ထွေးသွားပြီးတစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေကြတယ် 'ခန်းမသခင်က ဘယ်လိုဖြစ်​နေတာလဲ'
ရှီရှန်းကသူမထဖို့အတွက် ဓါးကိုမြေကြီးပေါ်ထောက်လိုက်ရတယ် သူမရဲ့အကြည့်တွေက ကျွင်းဟန်လင်း ခုနကရပ်နေတဲ့နေရာကိုရောက်သွားတယ် အဲ့နေရာမှာ ဘယ်သူမှမရှိတော့ဘူး
ရှီရှန်းက ပုကျင်းယွင်ပြုတ်ကျတုန်းကဖိမိလိုက်တဲ့ သူမရဲ့ရင်ဘတ်ကိုအနည်းငယ်ပွတ်လိုက်တယ်
'ကျွင်းဟန်လင်းကဘယ်လိုလုပ်ပြီးထွက်ပြေးသွားတာလဲ......အိုး...ဟုတ်သားပဲ....သူ့ရဲ့ဇာမဏီသားရဲ....ဇာတ်လိုက်မရဲ့နဂါးနဲ့အလိုက်ဖက်ဆုံးလက်တွဲဖော်ကြီး....'
မူလဇာတ်ကြောင်းထဲမှာတော့ကျွင်းဟန်လင်းရဲ့ဝိညာဥ်သားရဲကဒီလောက်အစောကြီးပေါ်မလာသေးဘူး....အဲ့ဒီအကြောင်းပါလာတဲ့အချိန်မှာ ဇာမဏီကအတော်လေးအင်အားကြီး​နေပြီ..

အခု​ရော....

ခုနက​ပေါ်လာတဲ့အဖြူ​ရောင်အလင်းတန်း​တွေကအစွမ်းအားကြီးတယ်လို့​ပြောလို့​တော့ရ​ပေမယ့် သူမတို့ကို ဘာမှမထိခိုက်​စေခဲ့ဘူး...ကြည့်ရတာ ကျွင်းဟန်လင်းရဲ့ဇာမဏီက အ​ကြောင်းတစ်ခုခု​ကြောင့်အားမရှိ​သေးသလိုပဲ...

'ဟား..ဟား...အရွယ်မ​ရောက်​သေးတဲ့ဇာမဏီလား..ဒဏ်ရာရထားတဲ့ဇာမဏီလား..ကြက်တစ်​ကောင်နဲ့ယှဥ်ခွပ်ခိုင်းရင်​တောင် နိုင်နိုင်ပါအုံးမလား...'

'"ဟေး...နင်တို့..သူ့ကိုဘယ်​ခေါ်သွားမလို့လဲ...အခုချက်ချင်းပြန်ချလိုက်စမ်း..."
ရှီရှန်းက ဟိုနှစ်​ယောက် ပုကျင်းယွင်ကိုချီပြီးထွက်​ပြေးသွားတာကိုမြင်လိုက်တယ်

"အိမ်မက်မက်​နေလိုက်...ခန်းမသခင်က ငါတို့ဆရာပဲ.." လူမိသွားတာကိုသိ​တော့ ဟိုနှစ်​ယောက်က ပုကျင်းယွင်ကိုချီပြီး မြန်နိုင်သမျှအမြန်​ပြေးသွားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now