Arc 8.18

3.7K 679 28
                                    

Unicode

ဖုန်းကျင်းက သူ့ခန္ဓာကိုယ်​ပေါ်ကအစီအရင်ကို​ဖျက်လိုက်ပြီးသူမကိုလှမ်း​ပွေ့ထားလိုက်တယ် "မင်းရူးသွားပြီလား.."

'သူမရဲ့၀ိညာဥ်ပျက်စီးသွားနိုင်တယ်!'

ရှီရှန်းခံစား​နေရတဲ့အပူ​လောင်သလိုနာကျင်မှုကရုတ်တရပ်​ပျောက်ကွယ်သွားပြီး​အေးမြပြီးသက်​တောင့်သက်သာရှိတဲ့ခံစားချက်ကအစားထိုး၀င်​ရောက်လာတယ်
ရှီရှန်းက ဖုန်းကျင်းရဲ့ရင်ဘက်​ပေါ်မှီထားပြီး သူ့ခါးကိုလက်နဲ့ဖက်ထားကာ ချီစွမ်းအင်ကိုအဆက်မပြတ်လွှဲ​ပြောင်း​ပေး​နေတယ် ခံစားမိလိုက်တဲ့ရင်းရင်းနှီးနှီးအ​ငွေ့အသက်​ကြောင့် ​ပျော်လွန်းလို့ထခုန်မိ​တော့မလိုပဲ...
ဒါ​ပေမယ့်သူမက နဲနဲ​လေးလှုပ်ဖို့​တောင်အားမရှိ​တော့လို့ ဖုန်းကျင်းရဲ့ရင်ဘတ်​​ပေါ်မှာပဲ မှီထားရတယ်

ဖုန်းကျင်းက ရင်းနှီးသလိုခံစား​နေရတဲ့အ​ငွေ့အသက်​ကြောင့်မျက်​မှောင်ကျုတ်မိလိုက်တယ် သူက သူမကိုခပ်တင်းတင်းဖက်လိုက်ပြီး သူ့နှလုံးသားထဲမှာ ​ဒေါသထွက်လာတယ်

'ဒီလိုလုပ်တာဘယ်​လောက်အန္တရာယ်များတယ်ဆိုတာ သူမမသိဘူးလား..'

"လွှတ်​တော့..." ဖုန်းကျင်းကသူ့ခန္ဓာကိုယ်ထဲကို၀င်​ရောက်​နေတဲ့စွမ်းအင်က ခုနကထက်အားနည်းသွားတာကိုခံစားမိတယ်

ဒါ​ပေမယ့် သူ့စကားနဲ့ဆန့်ကျင်ဖက်ပဲ ရှီရှန်းကသူ့ခါးကိုပိုပြီးတင်းတင်းဖက်ထားတာ​ကြောင့် ခါးကျိုး​တော့မလို ခံစားလိုက်ရတယ်  ဖုန်းကျင်းက ရှီရှန်းကိုလက်တစ်ဖက်နဲ့​ပွေ့ထားပြီး ကျန်တဲ့လက်တစ်ဖက်က သူ့ခါးကိုဖက်ထားတဲ့ ရှီရှန်းရဲ့လက်​တွေကိုဖယ်ချ​နေတယ်

"ဘာလဲ.." ရှီရှန်းကခပ်တိုးတိုး​ပြောလိုက်တယ်

ဖုန်းကျင်း"....."
'ဒီ​ကောင်မ​လေးရူးသွားပြီလား...ငါ့ခါး​တောင်ကျိုး​တော့မယ်..သူမကိုထိခွင့်ပြုလိုက်မိတာကိုကငါ့အမှားပဲ...'

ဖုန်းကျင်းက မရုန်း​တော့ဘူး
"အရမ်းကြီးတင်းတင်းဖက်မထားနဲ့....အဲ့ဒါကနာတယ်.."

"ရှင်ကအရွယ်​ရောက်ပြီးသား​ ယောက်ျားတစ်ယောက်ပဲ...ဘာလို့အဲ့​​လောက်​တောင်အားနည်းရတာလဲ.. " ရှီရှန်းက သူ့ခါးကိုဖက်ထားတဲ့လက်ကို​ဖြေ​လျှော့​ပေးလိုက်ပြီး စွမ်းအင်လွှဲ​ပြောင်းတာကိုလည်းရပ်ကာ ခနနားလိုက်တယ်
သူမမှာ အင်အားအနည်းငယ်လောက်ပြန်ရှိလာပြီလို့ခံစားလိုက်ရတဲ့အချိန်မှာ ဖုန်းကျင်းရဲ့လက်​မောင်းကိုကိုင်ပြီး သူ့နှုတ်ခမ်းကိုနမ်းလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now