Arc 6.19

3K 535 3
                                    

Unicode

နတ်ဘုရားတိုင်ကွန်း : [ မင်းအခု မင်ရည်ရှာ​ဖွေသူနဲ့အတူရှိ​နေတာလား ]

'​ဘော်ဒါကြီး...မင်း​ပြောတာ ​ခေါင်းစဥ်လွဲ​နေပြီထင်တယ်​နော် '

သစ်သားချူလုံး​လေး : [...သူနဲ့ကျွန်မနဲ့ အတူတူအတိုက်ခိုက်ခံရတာပါဆို...သူနဲ့မဟုတ်လို့ ဘယ်သူနဲ့အတူရှိရမှာလဲ ]

နတ်ဘုရားတိုင်ကွန်း : [ ...ငါ လ​ရောင်​အောက်က ​ကောင်​တွေကို ဖုန်းဆက်​ခေါ်လိုက်မယ်...ခန​စောင့်အုံး..]

သစ်သားချူလုံး​လေး : [...အကိုကြီးရယ်...​ကျေးဇူးရှင်ကြီးရယ်..မြန်မြန်​လေးလုပ်ပါ...]

နတ်ဘုရားတိုင်ကွန်းက ဘာမှပြန်မ​ပြော​တာ​ကြောင့် သူဖုန်းဆက်​နေတာပဲဖြစ်လိမ့်မယ်

ရှီရှန်းက ဂိမ်းရဲ့official websiteထဲကို၀င်ကြည့်ပြီး ​နောက်ခံသမိုင်း​ကြောင်းကိုသွားဖတ်လိုက်တယ် ဇာတ်လမ်းက အ​တော်​လေးရိုးရှင်းပါတယ် ဂိမ်းကို နတ်ဘုရားနဲ့မ​ကောင်းဆိုး၀ါးတို့ရဲ့စစ်ပွဲကြီးအပြီးနှစ်​ပေါင်းတစ်​ထောင်အကြာမှာ ဇာတ်အိမ်တည်ထားတာဖြစ်တယ်
နတ်ဘုရားမျိုးနွယ်စုရဲ့ အဓိကတာ၀န်က ​သူတို့ရဲ့နတ်ဘုရား​ခေါင်း​ဆောင်ကို ရှာဖို့ဖြစ်ပြီး မ​ကောင်းဆိုး၀ါးမျိုးနွယ်စုကလည်း အကျဥ်းချခံထားရတဲ့သူတို့ရဲ့မ​ကောင်းဆိုး၀ါးဘုရင်ကို ရှာဖို့လိုတယ်

ဒါ​ပေမယ့် ဒီထဲမှာလည်း အသုံးကျ​လောက်မယ့် သတင်းအချက်အလက်တစ်ခုမှမ​တွေ့ခဲ့ရပြန်​​သေးဘူး....

နတ်ဘုရားတိုင်ကွန်း ကသင့်ကို "ဒီ​နေ့ပိုက်ဆံမရ​သေးဘူးလား " အဖွဲ့ထဲသို့ ဖတ်​ခေါ်ပါသည်  လက်ခံလိုပါသလား?

ရှီရှန်းက ဖိတ်ကြားမှုကို အမြန်လက်ခံလိုက်တယ်
အမူးသမားနဲ့မုတ်သုန်​လေတို့က အဖွဲ့ထဲမှာရှိ​နေနှင့်ပြီးသား
ပန်းသီးစိတ်ကလည်းရှီရှန်း အဖွဲ့ထဲ​ရောက်ပြီးမကြာခင်မှာလိုက်၀င်လာတယ်
ထူးခြားတာက ခါတိုင်း ​ဟောင်ဖွာ​ဟောင်ဖွာလုပ်​နေတတ်တဲ့ နှင်းပွင့်​လေးက​တော့ ​ပေါ်မလာဘူး

Group chatထဲတွင်....

လ​ရောင်​အောက်ကမုတ်သုန်​လေ : [အာ?..နှင်းပွင့်​လေးက ဘာလို့မ​ရောက်လာ​သေးတာလဲ..အကိုကြီးတိုင်ကွန်း...မ​နေ့က ခင်ဗျားအ​တော်ကြမ်းလိုက်တာလား...အခု​တော့ သူအိပ်ရာထဲက​တောင်မထနိုင်​တော့ဘူးထင်တယ်..]

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now