Arc 10.8

2.9K 461 0
                                    

Unicode

ရှီရှန်းက သူမအားပြန်ကောင်းလာရင်ရှီရင်းနဲ့အကြွေးရှင်းမယ်ဆိုပြီးစောင့်နေရင်းကနေအိပ်ပျော်သွားတယ် ကြည့်ရတာစားပြီးသောက်ပြီးရင်အိပ်ချင်တတ်တယ်ဆိုတဲ့ထုံးစံအတိုင်းပဲ

ဒါပေမယ့်သူမနိုးလာတဲ့အချိန်မှာရှီရင်းကထွက်သွားပြီ

သူမသွားတွေကြေသွားလောက်တဲ့အထိကိုအံကြိတ်မိတယ်'ထွက်ပြေးရဲတယ်ပေါ့, ရှင့်ကိုမဖမ်းမိဖို့သာမျှော်လင့်နေလိုက်'

သူမဝမ်းဗိုက်ကိုစမ်းကြည့်မိတယ် ထပ်ပြီးဗိုက်မဆာတော့ဘူး

'သူငါ့ကိုမနေ့ကတိုက်တဲ့သောက်စရာကဘာကြီးလဲ ဟိုစားသောက်ဆိုင်ကဟာမလား,သူဘယ်တုန်းကအဲ့ဒါကိုပါဆယ်ထုပ်လာတာလဲ ငါမသိလိုက်ပါလား'

ရုတ်တရပ်ဝင်လာတဲ့ဖုန်းကရှီရှန်းရဲ့အတွေးတွေကိုဖြတ်ပစ်လိုက်တယ် သူမနောက်လှည့်ပြီးဖုန်းသွားကိုင်တယ်

''စီနီယာ, ကျောင်းကိုမလာခဲ့နဲ့နော်!!လုံးဝမလာနဲ့,လာလို့မဖြစ်ဘူး!!'' လျန်ကောရဲ့တုန်ရီခြောက်ခြားနေတဲ့အသံက သူမငိုနေတယ်ဆိုတာကိုဖော်ပြနေတယ်

''ဘာဖြစ်တာတုန်း''ရှီရှန်းကမျက်မှောင်ကြုတ်လိုက်တယ်

''လူအချို့က စီနီယာကိုရှာနေတယ်....ကျီ..ကျီ...ကျီ..သူတို့ပြော....ကျီ...ကျီ....စီနီယာ ကျွန်မပြောတာကြားရလား, မလုပ်နဲ့!!!''

လျန်ကောရဲ့အသံပျောက်သွားပြီးတိတ်ဆိတ်မှုကအစားထိုးသွားတယ်

ခနအကြာမှာမှယောက်ျားလေးတစ်ယောက်ရဲ့အသံကိုကြားရတယ်''မီနိုင်း, မင်းသာ မင်းရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေးကိုဘာမှမဖြစ်စေချင်ရင်ကျောင်းနောက်ကတောင်ကိုလာခဲ့, အချိန်တစ်နာရီပေးမယ်''

သူကပြောပြီးတာနဲ့ဖုန်းချသွားတယ် ရှီရှန်းတစ်ယောက်အမူအယာကင်းမဲ့စွာနဲ့သူမဖုန်းကိုကြည့်နေတယ်

'ဇာတ်လိုက်မကနောက်ဆုံးတော့ ငါ့ကိုတိုင်လိုက်ပြီပေါ့ ဒင်းတို့ကငါ့ကိုခေါ်ဖို့အခြားသူကိုတောင်အသုံးချရဲတယ်!'

ခနအကြာမှာသူမ နှင်းဆီပန်းတွေနဲ့တန်ဆာဆင်ထားတဲ့နက်ပြာရောင်အင်္ကျီကိုလဲလိုက်တယ် သူမတောင်ကိုရောက်တဲ့အခါအချိန်တစ်နာရီပြည့်သွားပြီ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now