Arc 5.8

5.4K 783 30
                                    

Unicode
ရှီရှန်းကထွက်သွားဖို့လုပ်​နေတုန်းမှာပဲ Systemရဲ့သတိ​ပေးသံကထွက်လာပြန်တယ်
[ကွင်းဆက်တာ၀န် 2 : ဖူချင်း ကို​ဆေးရုံပို့ပါ]
ရှီရှန်း "......"

'ဒီတာ၀န်က နင်ရုတ်တရပ်​စိတ်ကူး​ပေါက်ပြီးပေးလိုက်တာ မဟုတ်ဖူးဆိုတာ​သေချာရဲ့လား ! ? ငါ့ဆုံးဖြတ်ချက်ကိုတကယ်ပဲ ​နောင်တရလာပြီ ကွင်းဆက်တာ၀န်ကို​ဘာလို့ရွေးပြီး ကိုယ့်ဒုက္ခကိုယ်ရှာမိပါလိမ့်ဟာ...
ထင်ထားတဲ့အတိုင်းပဲ ကျက်သ​ရေတုံးsystemရဲ့​​ကောက်ကျစ်တဲ့ထောင်​ချောက်​တွေက အချိန်မ​ရွေး​ပေါ်လာနိုင်တာပဲ....'

အလကား​နေရင်းအပြစ်တင်ခံလိုက်ရ​​သော သနားစရာsystem "............."
'ငါ​လေးက တကယ်ပဲအပြစ်ကင်းပါတယ်​နော် ၀ူး၀ူး....  hostကမတရားဘူး'

................

အမှန်အတိုင်း​ပြောရမယ်ဆိုရင် final boss villainကြီးကို ဒီ​လောက်ထိ အားနည်းလိမ့်မယ်လို့ထင်မထားဘူး
'သူက villainဆိုတာ နင်​သေချာရဲ့လား..သူက..သူက..ဒီတိုင်းး....နူးညံ့တဲ့အမျိုးသမီးဇာတ်​ကောင်​လေး...မဟုတ်ဖူးလား..'

ရှီရှန်းက ကုတင်​ဘေးမှထိုင်ချပြီး လှဲ​နေတဲ့သူကို​မေး​ထောက်ကြည့်​​နေလိုက်တယ်

ဖူချင်းက ဆယ်​ကျော်သက်အရွယ်ပဲရှိ​နေ​သေးတဲ့အတွက် ချူးထန်၊လုချင်းယွင်နဲ့ ချန်လိတို့လို အရွယ်​ရောက်ပြီးအမျိုးသား​တွေနဲ့ယှဥ်ရင် သူ့အသွင်အပြင်ကမထင်မရှားပဲရှိ​သေးတယ်

( TN/ချန်လိက Arc 4မှာပါတဲ့ ရှီရှန်းရဲ့တွဲဖက်ပါ)

'ဒါ​ပေမယ့် သူ့ပုံစံက ​သေ​တော့မယ့်လူလိုပဲ...​သေမင်းရဲ့အ​ငွေ့အသက်က အရမ်းကိုပြင်းထန်​နေလွန်းတယ်'

ဖူချင်းနိုးလာတဲ့အချိန်မှာ ရှီရှန်းက ပြတင်းပေါက်နားမှာရပ်ပြီးဖုန်း​ပြော​နေတယ်
သူမရဲ့ သာယာနာ​ပျော်ဖွယ်အသံ​လေးက ကြားရသူကို ​ကျေနပ်​စေတယ်
​စကား​​ပြောတဲ့ပုံစံကလည်း အရမ်းကိုချိုသာ.....ဟင်...​နေပါအုံး...wait a minute!!!!!...

"...သူလား...ခုထိမနိုး​သေးဘူး​လေ...ဒီ​နေ့နိုးလာမယ်လို့​လည်းကျွန်မတော့မထင်ပါဘူး...ဟမ်...ဘာလဲ...ကျွန်မက ဒီတိုင်းဖြတ်သွားဖြတ်လာတစ်​ယောက်ပဲ...​ခန​လောက် စေတနာ့၀န်ထမ်းလုပ်ပြီး သူ့ကို​ဆေးရုံပို့​ပေးလိုက်ရုံပဲ....​အော် အဲ့ဒီလိုလား...ရတယ်..အဆင်​ပြေတယ်​လေ...သူ့ကို​စောင့်​ရှောက်​ပေးရုံပဲမလား...ကျွန်မကိုပိုက်ဆံ​တော့​ပေးရမယ်​နော်...ဒါ​ပေါ့...​စောက်ရမ်းအဆင်​ပြေတယ်...ဟဲဟဲ...စိတ်ချပါ...ကျွန်မသူ့ကို​​သေ​သေချာချာဂရုစိုက်လိုက်ပါ့မယ်..."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now