Arc 8.20

3.6K 651 19
                                    

Unicode

သူတို့မျက်နှာ​တွေ​ပေါ်ကစိတ်ရှုပ်​ထွေးမှုကိုမြင်ရုံနဲ့တင် ဒီလူ​တွေ ပ​ယောဂဆရာ​တွေအ​ကြောင်းတစ်လုံးမှမသိဘူးဆိုတာ​ပြောနိုင်တယ်

'ပ​ယောဂဆရာစု​​ဝေးပွဲတဲ့လား...အဲ့ဒါမျိုးက သဘာ၀လွန်၀တ္ထု​တွေထဲမှာပဲရှိတာမဟုတ်ဘူးလား..'

ရှီရှန်းက သူတို့​တွေမသိတာကိုအံ့သြမသွားဘဲ အန်းစုရဲ့အနားကိုပျံသွားပြီး လူအုပ်ကြီးကိုတစ်ချက်ကြည့်လိုက်ကာ က​လေးမျက်နှာနဲ့​ရှောင်ပိုင်ဆီမှာအဆုံးသတ်သွားတယ်
​ရှောင်ပိုင်ရဲ့မျက်လုံး​တွေကသူမကိုစိုက်ကြည့်​နေတယ် အမှန်ပဲ..သူကြည့်​နေတာ အန်းစုမဟုတ်ဘူး..ရှီရှန်းကိုကြည့်​နေတာ..

'သူငါ့ကိုမြင်ရတာလား..'
"အဲ့ဒါ​ဆို ပ​ယောဂဆရာစု​​​ဝေးပွဲအ​ကြောင်းကိုရှင်တို့တကယ်မသိဘူး​ပေါ့.." အန်းစုက​နောက်တစ်ကြိမ်ထပ်​မေးတယ်

"သူမက စိတ်​ရောဂါကု​ဆေးရုံက​နေထွက်​ပြေးလာတာများလား.."

"ကြည့်ရတာ မိန်းက​လေးက သဘာ၀လွန်၀တ္ထု​တွေဖတ်တာများသွားပြီထင်တယ်.."

ရှီရှန်းက​ရှောင်ပိုင်ရဲ့​ရှေ့တည့်တည့်ကိုပျံသွားလိုက်တယ်  ​ရှောင်ပိုင်က​နောက်ကိုတစ်လှမ်းဆုတ်သွား​ပေမယ့် သူ့ရဲ့မျက်လုံး​တွေက​တော့ ရှီရှန်းကိုကြည့်​နေတုန်းပဲ...

'ငါသိသားပဲ...သူငါ့ကိုမြင်နိုင်တယ်..ပြီး​တော့ သူက ငါသရဲမှန်းလည်းသိတယ် .အန်းစုကပ​ယောဂဆရာစု​ဝေးပွဲအ​ကြောင်း​ပြောလိုက်​တော့လည်း သူ့ပုံစံကပုံမှန်ပဲ..စိတ်ရှုပ်သွားတဲ့ပုံမ​ပေါ်ဘူး...'

''ပ​ယောဂဆရာစု​ဝေးပွဲအ​ကြောင်း​နင်သိတယ်မလား..''

​ရှောင်ပိုင်ရဲ့ကြည်လင်တဲ့မျက်လုံး​တွေက ချက်ချင်းတုန်လှုပ်သွားပြီး​​ဘေးကလူရဲ့လက်​မောင်းကိုလှမ်းဆွဲလိုက်တယ်
"သရဲရှိတယ်!!!!..."

ရှီရှန်း"....."
'ခုနကတည်ငြိမ်မှု​တွေဘယ်​ရောက်သွားတာလဲ...'

​ရှောင်ပိုင်ဆွဲတာကိုခံလိုက်ရတဲ့သူက သူ့လက်ကိုစိတ်ပျက်လက်ပျက်ပုံစံနဲ့ပုတ်ချလိုက်တယ်
"​ရှောင်ပိုင်ရဲ့​ရောဂါကပြန်ထ​နေပြန်ပြီ...စီနီယာအကိုလည်းဒီမှာမရှိဘူး...ငါတို့ဘာလုပ်ကြမလဲ..."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now