Arc 10.2

3.2K 483 3
                                    

Unicode

သွေးသန့်ဗန်ပိုင်းယားတွေကနေရောင်ကိုမကြောက်ကြဘူးဆိုပေမဲ့သူတို့ရဲ့ဗီဇ အရ နေရောင်ကိုနှစ်သက်မှုတော့မရှိကြဘူး ရှီရှန်းက ကျောင်းကိုသွားတဲ့လမ်းတစ်လျှောက်မှာနေရောင်ခြည်နဲ့မထိအောင်တတ်နိုင်သမျှရှောင်သွားတယ်

သူမဝတ်ထားတဲ့စကပ်အရှည်ရဲ့အောက်နားမှာသွေးရောင်နှင်းဆီနီတွေက လှုပ်ရှားမှုနဲ့အတူယိမ်းနွဲ့နေတာကြောင့်သူမရဲ့ပုံရိပ်ကိုပိုပြီးထင်ရှားစေတယ် မီနိုင်းရဲ့ဝတ်စားဆင်ယင်မှုကအခြားသူတွေရဲ့အမြင်မှာလေးစားမှုနဲ့ကြောက်စရာကောင်းမှုတွေဖြစ်ပေါ်လာစေတယ်

ရှီရှန်းက ခေါင်းကိုငုံ့ပြီးသူမဖုန်းကိုကြည့်လိုက်တယ် ဒီနေ့ကသြဂုတ်လ၁၇ရက်နေ့ပဲ ဇာတ်လိုက်မတိုက်ခိုက်ခံရပြီးသူမစွပ်စွဲခံရမယ့်နေ့ပေါ့

ရှီရှန်းက ဖုန်းကိုသိမ်းပြီးဘေးဘီကိုကြည့်လိုက်တယ် လှုပ်ရှားသွားလာနေတဲ့ကျောင်းသားတွေကိုတွေ့တဲ့အခါ သူတို့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးရဲ့အနံကိုခံစားမိတယ် သည်းခံမနိုင်တဲ့လှုံ့ဆော်မှုတွေကသူမအာရုံကိုရှုပ်ထွေးလာစေတယ်

ရှီရှန်းက အံကြိတ်ထားတယ် သူမနှုတ်ခမ်းကိုကိုက်ဆာလောင်မှုကိုမြိုသိပ်ပြီးလူအုပ်နဲ့ခပ်ဝေးဝေးကိုထွက်လာပြီးမှစိတ်သက်သာရာရတော့တယ်

''စီနီယာမီနိုင်း''

ရှီရှန်းက လှေကားပေါ်မတက်ခင်ခနလောက်ရပ်ပြီးသူမနာမည်လှမ်းခေါ်တဲ့သူကိုကြည့်လိုက်တယ်

ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကအဖြူရောင်အင်္ကျီနဲ့စကပ်အတိုအဖြူရောင် ဖိနပ်အပါးလေးစီးထားပြီးတော့ကျက်သရေ ရှိနေတယ်

မိန်းကလေးရဲ့ပါးတွေကနီရဲနေပြီးရှီရှန်းဆီကိုတစ်ဟုန်ထိုးပြေးလာ ပြီးလေးလေးစားစားဆက်ဆံပြီးတောင်းပန်တဲ့အနေနဲ့သူမခါးကိုကိုင်းညွတ်လိုက်တယ်
''စီနီယာမီနိုင်း, တောင်းပန်ပါတယ်နော်, ကျောင်းကောင်စီကခေါ်လို့အလုပ်ရှုပ်နေတာနဲ့ကြာသွားတာပါဒီမှာစီနီယာရှာခိုင်းထားတဲ့ဟာတွေ''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now