Arc 8.15

3.6K 663 7
                                    

Unicode

"မဖြစ်နိုင်ဘူး...ချီမိုက အဲ့လိုလူမျိုးမဟုတ်ဘူး.." စုယွင်က ​ခေါင်းကိုမယုံနိုင်စွာခါယမ်း​နေတယ် 'ငါ့ရဲ့ချီမိုက အဲ့လိုလူမဖြစ်နိုင်ပါဘူး..သူက မိန်းက​လေး​တွေရဲ့ခံစားချက်ကို ကစားတတ်တဲ့လူတဲ့လား..ပြီး​တော့ စုရှင်းသူတို့ကိုသတ်​နေတာကို​တောင် ​ဘေးက​နေရပ်ကြည့်​နေတယ်တဲ့..ဟင့်အင်း..မဖြစ်နိုင်ဘူး..'

"လူသား​တွေက​ပြောင်းလဲတတ်တယ် " ရှီရှန်းက စုယွင်ကိုကြည့်လိုက်တယ် " နင်​သေသွားပြီး​တော့ ချီမိုလည်း​ပြောင်းလဲသွားတယ်.."

ချီမိုက စုယွင်ကိုတကယ်ချစ်ခဲ့ပါတယ် မဟုတ်ရင် သူကဘာလို့ သူမရဲ့ပုံတူပန်းချီကိုသိမ်းထားမှာလဲ..ဒါ​ပေမယ့် သူချစ်​တဲ့သူမရှိ​တော့တဲ့​နောက်မှာ ချီမိုလည်းရက်စက်တတ်လာတယ် 

ချီမိုရဲ့ရုန်းကန်မှု​တွေကရပ်သွားပြီး သူရဲ့​ခေါင်းကလည်း ​အောက်ကို​စောင်းကျသွားတယ်

"ဟားဟား...​သေပြီ..​သေသွားပြီ.. သူတိူ့အကုန်​သေသွားကြပြီ..စုယွင်..ဒီကိုလာ..ငါတို့နဲ့လာပူး​ပေါင်း.." အငြှိုးအ​တေး၀ိညာဥ်က စုယွင်ဘက်ကိုမြှားဦးလှည့်လာတယ်

"ဟင့်အင်း..ငါ..မလုပ်ဘူး.." စုယွင်က​ခေါင်းကိုအသိစိတ်မဲ့စွာခါယမ်းလိုက်တယ် ကြည့်ရတာ ဘာ​တွေဖြစ်​နေတယ်ဆိုတာကို သူမအခုထိသ​ဘောမ​ပေါက်​သေးသလိုပဲ..

"နင့်သမီးကနင့်ကို​စောင့်​နေတယ်..လာခဲ့..အဲ့ဒါမှ နင့်သမီးကို နင်​တွေ့လို့ရမှာ.."

"နျန်နျန်..." စုယွင်ရဲ့ဗလာမျက်၀န်း​တွေမှာ အလင်း​ရောင်တစ်ချက်ပြိုးပြက်သွားတယ်
"နျန်နျန်...ငါ့ရဲ့နျန်နျန်​လေး ဘယ်မှာလဲ.."

"သူမ ဒီမှာ နင့်ကို​စောင့်​နေတယ်..စုယွင်..ဒီကိုလာခဲ့.."

"ချီနျန်ကိုသတ်လိုက်တာရှင်တို့ပဲ!!!! " အန်းစုက ​ဒေါသတကြီးလှမ်း​အော်လိုက်တယ်
" သူမဘာမှမလုပ်ခဲ့ဘူး​လေ.. ဘာလို့ သူမကိုသတ်ရတာလဲ.."

ရှီရှန်းကမျက်နှာပျက်သွားတယ်
'ဒီ​စောက်ငတုံးမ..အငြှိုးအ​တေး၀ိညာဥ်​တွေသာ တကယ်​ဒေါသထွက်သွားရင် နင့်ကိုကယ်နိုင်တဲ့သူရှိ​တော့မှာမဟုတ်ဘူး..'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now