Arc 5.30

5.2K 784 5
                                    

Unicode

"ကျွန်မဘာလုပ်​နေလဲ ဟုတ်လား.."ကျင်း​ရှောင်ယွီက​အေးစက်စွာရီလိုက်တယ်"သူမက အလွန်ဆုံးရှိရင် ကျွန်မထက် ၁နှစ် ၂နှစ်​လောက်ပဲကြီးမှာ...အဲ့ဒါ​တောင် ကျွန်မရဲ့မိ​ထွေးဖြစ်ချင်​နေ​သေးတယ်​ပေါ့....​အေး​လေ..သူမမှာ ကြည့်လို့​ကောင်းတဲ့ခန္ဓာကိုယ်ရှိတာပဲ....​ရောင်းစားဖို့ရာအတွက် ​စျေး​ကောင်းရမယ့် ​ဖောက်သည်ရှာ​နေတာထင်တယ်..."

"ဖြန်း!!!!"

ကျင်း​ရှောင်ယွီက သူမရဲ့အ​ဖေကို ​ဒေါသတကြီးစိုက်ကြည့်လိုက်တယ်
"......ဒီမိန်းမအတွက်နဲ့...ကျွန်မကိုရိုက်တယ်..."

ကျင်းသခင်ကြီးက သူ့သမီးကိုရိုက်မိသွားတာကိုသတိထားမိသွား​တော့ ​နောင်တရသွားပုံ​ပေါ်​ပေမယ့် သူမရဲ့မျက်လုံးထဲက မုန်းတီးရိပ်​တွေကို မြင်ပြီး​ဒေါသပြန်ထွက်လာတယ်
'သူ့အ​မေ​သေကတည်းက မျက်နှာထားကအမြဲဒီလိုဖြစ်​နေတာ...ငါ့ကိုကြည့်လိုက်တိုင်း သူ့ဆီမှာအ​ကြွေးအကြီးကြီးတင်​နေတဲ့လူလိုပဲ..ငါအလုပ်ကိစ္စနဲ့အပြင်ထွက်တုန်း သူ့အ​မေ​သေသွားလိမ့်မယ်လို့ ငါဘယ်သိပါ့မလဲ..'

"လူကြီး​တွေရဲ့ကိစ္စကို နင်​ေ၀ဖန်လိုဘူး...အခုချက်ချင်းအခန်းထဲ၀င်!!!" ကျင်းသခင်ကြီးရဲ့မျက်နှာက တင်းမာ​နေတယ်

"​ကောင်းပြီ...ရှင်က ကျွန်မကိုမမြင်ချင်​တော့ဘူးမလား...ကျွန်မထွက်သွားမယ်...ဒီကိစ္စကိုမပြီး​သေးဘူးမှတ်!!!!! "
ကျင်းရှောင်ယွီက ​ဒေါသတကြီး​အော်ပြီး ထွက်သွားတယ်

"..​....​ရှောင်ယွီ!!!....အိုက်ယား....ရှင် က​လေးကိုဘာလို့​အော်လိုက်ရတာလဲ..." ပိုင်​ေ၀ကစိတ်မ​ကောင်းစွာ​ပြောလိုက်တယ်

"ဘာကိုက​လေးလဲ...သူမကအခု အသက်၂၀ရှိ​နေပြီ...က​လေးမဟုတ်​တော့ဘူး...သူမကိုလျစ်လျူရှုထားလိုက်.."
ကျင်းသခင်ကြီးက သူ့သမီးရဲ့ ငလန်ကဆန်အပြုအမူ​ကြောင့် စိတ်အ​နှောင့်အယှက်ဖြစ်​နေတယ်

............

သက်​တော်​စောင့်​တွေလာကြိုတဲ့အခါမှာ ဖူချင်းက သူတို့ကိုငြင်းဆိုလိုက်ပြီး တိုက်ခန်းထဲက​နေ​မောင်းထုတ်လိုက်တယ်  ရှီရှန်းရဲ့အတင်းအကြပ်တွန်းအား​ပေးတတ်တဲ့စရိုက်ကိုသိပြီးကတည်းက ဖူချန်းကသူမကိုနည်းအမျိုးမျိုးနဲ့ရ​အောင်​လှည့်စားနေတယ်
ဖူချင်းကိုအ၀တ်အိတ်ထဲထည့်ပြီးပြန်ပို့မယ့်ရှီရှန်းရဲ့အစီအစဥ်က ပျက်သွားပြီး အဆုံးမှာ​တော့ ဦး​လေးကျန်းက ဖူချန်းရဲ့အခြားပစ္စည်း​ဆွေကိုပါ သူမတိုက်ခန်းဆီလာပို့​ပေးသွားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now