Arc 8.10

3.8K 690 8
                                    

Unicode

အန်းစုကအဘိုးကိုသူမဒီနေ့ထိဒီအိမ်မှာနေနေရတဲ့အကြောင်းအရင်းမှန်ကချီမိုရဲ့သမီးဖြစ်တဲ့သူမသူငယ်ချင်းချီနျန်ရဲ့တောင်းဆိုမှူကြောင့်လို့ရှင်းပြတယ်

အဘိုးကချီမိုမှာသမီးတစ်ယောက်ရှိပြီးတော့အန်းစုနဲ့တစ်ကျောင်းထဲပဲဆိုတာကိုသိတယ်သူတို့သူမနဲ့လွန်ခဲ့တဲ့ဆယ်ရက်ကပဲအဆက်အသွယ်ရ​သေးတယ် ပြီးတော့ဘာသတင်းမှဆက်မကြားရတော့ဘူး

ပြီးတော့အခုအန်းစုက ချီနျန်ကလွန်ခဲ့တဲ့ ၁ပတ်ကမှသေ သွားပြီဆိုတာပြောပြလိုက်တယ်

သူမမှာသာယင်-ယန်မျက်လုံးရှိမနေဘူးဆိုရင်ချီနျန်ရဲ့ဝိညာဥ်ကိုတွေ့ရမှာမဟုတ်ဘူး,ချီနျရန်ကသူမရဲ့၀ိညာဥ်​နောက်ဘ၀မကူးခင်မှာအန်းစုဆီကိုလာပြီးတော့သူ့အဖေကိုကယ်ပေးဖို့လာတောင်းဆိုခဲ့တယ်

ချီနျန်ကကျောင်းမှာအထီးကျန်ရတဲ့သူဖြစ်ပြီးတော့သူမအိမ်နဲ့လည်းဆက်ဆံရေးသိပ်မကောင်းဘူး ကျောင်းကိုပေးထားတဲ့အရေးပေါ်ဆက်သွယ်ရေးအချက်အလက်တွေကလည်းမလုံလောက်တာကြောင့်အန်းစုကသူမရဲ့သူငယ်ချင်းတွေကိုလိုက်မေးကြည့်ပေမဲ့တစ်ယောက်မှမသိကြဘူး

အန်းစုကသူမကျောင်းကိုပေးခဲ့တဲ့လိပ်စာကိုအသုံးပြုဖို့ကြိုးစားသေးတယ် ဒါပေမဲ့အဲ့နေရာကလူမနေဘူး အဲတာကြောင့်မို့ချီနျန်ရဲ့အိမ်လိပ်စာအစစ်ကိုသူမမသိဘူး

ရလဒ်အနေနဲ့သူမသေဆုံးသွားတာတစ်ပတ်လောက်ကြာနေတာတောင်သူမအိမ်ကမသိခဲ့ဘူး

ကံကောင်းစွာနဲ့ပဲ,  သူမကိုချီနျန်ကဒီအိမ်ရာအကြောင်းပြောပြဖူးတယ်ဒါပေမဲ့အန်းစုကဒီနေရာနဲ့မရင်းနှီးတာကြောင့်ဒီအိမ်ကိုအတော်​လေးညဥ့်နက်မှရှာတွေ့ခဲ့တယ်

ခနလောက်အကြာမှာအဘိုးကသူမကျောင်းကိုဖုန်းဆက်တယ် ဒါပေမဲ့ကျောင်းကပြန်ပေးလိုက်တဲ့သတင်းကအန်းစုပြောတာနဲ့အတူတူပဲ

ဖုန်းကိုချပြီးတဲ့အခါမှာအဘိုးကလုံးဝကိုအားမရှိတော့ဘူး သူ့​ခြေ​ထောက်​တွေကလေတိုက်ရင်လွင့်သွားတော့မလိုမျိုး, ယိုင်​နေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now