Arc 7.31

3.8K 625 1
                                    

Unicode

ပုကျင်းယွင်ကတကယ်ကိုအားနည်းပြီး​ဖျော့​တော့​နေတယ် လက်သည်းရာအနည်းငယ်က​ကြောင့် ​နေ့တစ်၀က်​လောက်နီးပါး အဖျားတက်​နေတယ်
သက်​တော်​စောင့်ကသူ​ဒေါသ​တွေကိုရှီရှန်းအ​ပေါ်​ပေါက်ကွဲလိုက်မိ​ပေမယ့်လည်း စိတ်ထဲက​တော့မပါဘူး သူကတိမ်လွှာနီပန်းပွင့်ကိုမြင်တယ်​လေ...
'အဲ့ဒီပန်းက သခင်တစ်ချိန်လုံးလိုက်ရှာ​နေတဲ့ပန်းမဟုတ်ဖူးလား..ဒီမိန်းမက အ​ပေါက်သာဆိုးတာ.. သခင့်အ​ပေါ် သိတတ်သားပဲ .'

သူတို့နှစ်​ယောက်ကပုကျင်းယွင်ကိုသစ်​တောထဲက​နေတတ်နိုင်သမျှမြန်မြန်​ခေါ်ထုတ်ခဲ့တယ် ဒါ​ပေမယ့်သူတို့​တွေ​လေး​ထောင့်မြို့ကို​ရောက်​တော့ ပုကျင်းယွင်ရဲ့ဒဏ်ရာ​တွေကသူ့ဘာသာသူပြန်ကျက်စ​ပြု​နေပြီ..

သက်တန့်ကြာပန်းအတွက်တိုက်ပွဲပြီးတဲ့​နောက်မှာ အဖွဲ့တိုင်းက သစ်​တောထဲက​နေပြန်ထွက်လာကြပြီး ​လေး​ထောင့်မြို့ကိုလက်စား​ချေတိုက်ခိုက်ဖို့စု​ဝေး​နေကြတယ်..ဒါ​ပေမယ့် ​လေး​ထောင့်မြို့ရဲ့အကာအကွယ်အင်အားက အ​တော်​လေးကြံ့ခိုင်တာ​ကြောင့် မြို့ကိုကာကွယ်ထားနိုင်တယ် ဒါ့အပြင် ရန်သူအဖွဲ့​တွေကလည်းအချင်းချင်းမညီညွတ်ကြတာ​ကြောင့် တိုက်ပွဲကထင်သ​လောက်မ​ပေါက်​ရောက်ဘူး..

သူတို့မညီညွတ်ရတဲ့ကိစ္စရဲ့​နောက်ကွယ်ကအ​ကြောင်းအရာက ချင်လန်ယွဲ့ ပဲ..
ရှီရှန်းက ချင်လန်ယွဲ့ရဲ့ ပစ္စည်းသို​လှောင်လက်​ကောက်ကို လူအများ​ရှေ့မှာဖွင့်ပြခဲ့တယ်​လေ..
ဇာတ်လိုက်မပိုင်တဲ့ပစ္စည်းဖြစ်လို့ အဲ့ဒါကလည်း အ​တော်​လေးရှားပါစာရင်း၀င်တယ်..သူတို့​တွေက သက်တန့်ကြာပန်းကိုမရလိုက်တဲ့အပြင် ကုန်း​မြေကိုးပါးကိုလည်း လက်ဗလာနဲ့မပြန်ချင်ကြတာ​ကြောင့် ဒီလက်​ကောက်အတွက် အချင်းများကြပြန်တယ်

ဒါ​ပေမယ့် ချင်လန်ယွဲ့ရဲ့ အ​စောင့်အ​ရှောက်သားရဲက အချိန်မှီနိုးလာပြီး သူမရဲ့နံပါတ်၁ကာကွယ်​စောင့်​ရှောက်သူ ကျန့်မူနဲ့အတူ ထွက်​ပြေးသွားတယ်..

"လန်ယွဲ့...မင်းတစ်ခုခုစားမှဖြစ်မယ်.." ကျန့်မူက ချင်လန်ယွဲ့ရဲ့​ဘေးမှာ သစ်သီးတချို့ကို ချ​ပေးလိုက်တယ် သူ့ရဲ့​ခါတိုင်းလိုအေးစက်​တောင့်တင်းတဲ့မျက်နှာ​ပေါ်မှာ ဂရုစိုက်မှုနဲ့စိတ်မ​ကောင်းဖြစ်မှု​တွေထင်ဟပ်​နေတယ်..

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now