Arc 5.25

5.2K 827 67
                                    

Unicode

​မျှော်လင့်ထားတဲ့အတိုင်းပဲ ရှီရှန်းကို ဖိတ်ဖို့က သိပ်မလွယ်ကူဘူး အစတုန်းက​တော့ သူတို့လည်း ပုံမှန်အတိုင်းပဲ ဖိတ်စာတစ်​စောင်ပို့ခဲ့​ပေမယ့် သူမကအပြည့်အ၀လျစ်လျူရှုထားတယ်

သူတို့​တွေကိုယ်တိုင်ကိုယ်ကျသွားပြီး​မေတ္တာရပ်ခံ​တော့လည်း ကြုံရာအ​ကြောင်းပြချက်​တွေနဲ့ငြင်းလွှတ်ခံရပြန်တယ်

ဥပမာအားဖြင့်..........

"ငါဒီ​နေ့ရာသီလာ​နေလို့စိတ်မကြည်ဘူး..မသွားချင်ဘူး.."
သို့မဟုတ်.....
"ဖူချင်းကပန်းသီးပန်ကိတ်စားချင်​နေလို့ငါသွား၀ယ်​​ပေးရမယ်..မအားဘူး..."
သို့မဟုတ်....
"ဒီ​နေ့လူ​တွေကငါ့ကို ပြသနာလိုက်ရှာ​နေကြတယ်..စိတ်မ​ပျော်ဘူး..မသွားချင်ဘူး..."

သွားဖိတ်တဲ့သူ​တွေကအ​တော်ကို​ပြောစရာစကားမဲ့ကုန်ကြပြီ
'နင့်ကို လူ​တွေက လိုက်ပြီးဒုက္ခ​ပေး​နေကြသလို ငါတို့လည်း နင့်​ကြောင့် ဒုက္ခ​ရောက်ရပါတယ်​နော်!!'

ရှီရှန်းရဲ့၇ကြိမ်​မြောက်ငြင်းဆန်မှုအပြီးမှာ​တော့ ဖူ​ရော့ ရဲ့စိတ်ရှည်မှုကလည်း ကုန်ဆုံးသွား​လေပြီ  သူက ရှီရှန်း ​ကျောင်းကိုသွားတဲ့အချိန်မှာ ဖမ်း​ခေါ်လာခဲ့ဖို့ သူ့လူ​တွေကိုအမိန့်​ပေးလိုက်တယ်
..........

​နောက်ဆုံးမှာ​တော့ရှီရှန်းကဖူ​ရော့ကို မျက်နှာချင်းဆိုင်​တွေ့လိုက်ရ​တော့တယ်

'ဒီ​မြေ​ခွေးအိုကြီးက ဖူချင်းရဲ့အ​ဖေတဲ့လား...သူတို့ကဘာလို့မတူကြပါလိမ့်!! သူက ဒီ​လောက်​တောင် ​ယောက်ျားဆန်တာ ဘာလိုလုပ်ပြီး လှပတဲ့သားတစ်​ယောက်​မွေးထားနိုင်ရတာလဲ... သူ့အ​မေဘက်ကိုသွားတူတာများလား..'

ဖူ​ရော့လည်းအနည်းနဲ့အများ​တော့ အံ့အားသင့်​နေတယ် သူရဲ့အရှိန်အ၀ါ​တွေကို အံတုနိုင်တဲ့သူဆိုတာခပ်ရှားရှား​ပေမယ့် ဒီမိန်းက​လေးက​တော့ အ​ကြောက်တရားကင်းမဲ့စွာပဲ သူ့ကို မျက်​တောင်တစ်ချက်မခတ်ဘဲ စိုက်ကြည့်​နေတယ်

'အို.....စိတ်၀င်စားစရာပါလား...'

"ကျွန်မကိုဘာလို့ပြန်​ပေးဆွဲလာရတာလဲ..."
ရှီရှန်းကခပ်ပြတ်ပြတ်​မေးလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now