Arc 6.8

3.4K 591 11
                                    

Unicode

ဒါ​ပေမယ့် ​လေးပင်လယ်က အစိုးရိမ်လွန်​နေတယ်ဆိုတာ တဖြည်းဖြည်း​ပေါ်လွင်လာတယ်
လ​ရောင်​အောက်အဖွဲ့က ​ပေါတိ​ပေါချာဖြစ်​နေကြတယ်ဆို​ပေမယ့် တကယ်တမ်းတိုက်ခိုက်တဲ့အခါမှာ​တော့ အားကုန်သုံးကြတယ်
၅၉ထပ်နဲ့​နောက်ပိုင်းမှာ ​လေ​ရောင်​အောက်အဖွဲ့က အ​ရှေ့က​နေဦး​ဆောင်ရှင်းလင်းပြီး ရှီရှန်းနဲ့နတ်ဘုရားတိုင်ကွန်းက​တော့ ​နောက်က​နေ ကာ​ပေးတယ် ​​လေးပင်လယ်ရဲ့အဖွဲ့က​တော့ သက်​တောင့်သက်သာလိုက်လာရလုနီးပါးပဲ

ရှီရှန်းအတွက် ဒါက ဒီအရူး၄​ကောင်အမှန်တကယ်တိုက်ခိုက်တာကို ပထမဆုံးမြင်ဖူးတာပဲ  သူတို့က hero​တွေရဲ့ပုံပန်းသွင်ပြင်ကိုစိတ်မ၀င်စားဘဲ ၄​ယောက်သားတိုက်ပွဲ၀င်တဲ့အခါ ဘက်ညီ​အောင်​ရွေးချယ်ထားတာဖြစ်တယ် ဒါ​ကြောင့်နှင်းပွင့်​လေးက အမျိုးသမီး character ကို​ရွေးချယ်ထားတာ မထူးဆန်းဘူး

ဂိမ်းတီထွင်သူက အမျိုးသမီး အမျိုးသား character အချိုးအစားညီမျှ​စေဖို့အတွက် power​တွေကိုလည်း ဘက်မျှ​အောင်​ပေးထားတယ် အမျိုးသားcharacter​တွေက တိုက်ခိုက်မှုစွမ်းအား​ကောင်းမွန်သလို အမျိုးသမီးcharacter​တွေက​တော့ ပြန်လည်ကုစားမှုစွမ်းအားမှာသာလွန်​ကြတယ်

ဒီ​လေး​ယောက်က ဦး​ဆောင်မှုဇယားမှာ ထိပ်ဆုံး၁၀​ယောက်ထဲပါ​နေတာမို့လို့ တာ၀ါဖြိုတဲ့​နေရာမှာလည်း အကူအညီမရစရာအ​ကြောင်းမရှိဘူး

[အထူး​ကြေညာချက်]
​ဗေဒါပန်း​လေး : ​[နောက်ဆုံးရသတင်း ....လီရှို့တို့အဖွဲ့က 68ထပ်မှာ​ရောက်​နေပြီ  final towerကို​ရောက်ဖို့  ၂ထပ်ပဲလို​တော့တယ် ]

Group chatထဲတွင်...
ပင်လယ်​လေးသွယ်ကုန်း​မြေရှစ်ခု : [ငါတို့က၁ထပ်​နောက်ကျ​နေတာပဲ..]

သူတို့အဖွဲ့ကအခုမှ ၆၇ထပ်ပဲရှိ​သေးတယ်

နတ်ဘုရားတိုင်ကွန်း : [​နောက်ဆုံးfinal bossက တိုက်ရတာ မလွယ်​လောက်ဘူး ဒီအခွင့်အ​ရေးကိုအရယူပြီး မြန်မြန်လုပ်ရမယ် ငါတို့မှာအခွင့်အ​ရေးရှိနိုင်ပါ​သေးတယ် ]

လ​ရောင်​အောက်ကနှင်းပွင့်​လေး : [final bossကြီးကိုငါမတိုက်ချင်ဘူး​နော်...​ကြောက်တယ်]

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now