Arc 6.14

3K 554 5
                                    

Unicode

ရှီရှန်းက world chatထဲမှာ​ပြောစရာရှိတာ​ပြောပြီးတော့ game screenပေါ်ကိုပြန်လာလိုက်တယ် အဲဒီမှာအနန္တမျိုးဆက်တွေက မင်ရည်ရှာဖွေသူကိုသဲအိတ်တစ်ခုလိုသ​ဘောထားပြီးထိုးနှက်နေကြတယ်

မင်ရည်ရှာဖွေသူကအရင်တစ်ခါတောင်levelက၁၀ဆင့်လောက်ကျထားတဲ့အပြင်အခုရှီရှန်းရဲ့လိုက်လံ​နှောက်ယှက်မှုတွေကြောင့်လက်ရှိမှာlevelက၇၈ပဲရှိ​တော့တယ်

မင်ရည်ရှာဖွေသူ :[မင်းဘာလိုချင်တာလဲ]

မိုင်တစ်ထောင်တေးဂီတ : [ငါကlevel၅၅ထိတောင်ကျသွားခဲ့တာလေ အနည်းဆုံးတော့နင်ငါ့ကိုကူညီဖို့ဆိုရင်levelအတူတူလောက်ရောက်သင့်တယ်မဟုတ်လား]

'ငါကအငြိုးကြီးတယ်ဟုတ်ပြီလား,ကိုယ့်အတွက်ကိုယ်တောင်ကလဲ့စားမချေနိုင်တဲ့သူတွေကသနားစရာကောင်းလွန်းတယ်လေ'

မင်ရည်ရှာဖွေသူ :[မင်းသာငါ့နောက်လိုက်ပြီးပြဿနာလိုက်မရှာဘဲlevelပြန်တက်အောင်လုပ်နေရင်အရင်levelလောက်တောင်ပြန်ရလောက်ပြီ]

'သူမအရည်အချင်းနဲ့ဆိုရင်အရင်levelလောက်ပြန်ရဖို့ကခနလေးဟာကို...ငါ့နောက်လိုက်ပြီးပြဿနာလိုက်ရှာနေတယ်'

မိုင်တစ်ထောင်တေးဂီတ :[levelမြှင့်တာက ရှင့်ကိုဂရုစိုက်ဖို့​လောက်အရေးမကြီးပါဘူး]

မင်ရည်ရှာဖွေသူ :[........]

ကျီယန်ကchatကိုပိတ်ပစ်လိုက်ပြီးအရင်တစ်ခါကလိုပဲထွက်​ပြေးသွားတယ်
ရှီရှန်းရဲ့လုပ်ရပ်တွေကြောင့်သူ့levelကအများကြီးထိုးကျသွားပြီ

အခုဂိမ်းထဲကလူတွေကတော့သူတို့ရဲ့အချစ်အမုန်းဆက်ဆံရေးကိုပဲစိတ်ဝင်စားနေကြတယ်

မင်ရည်ရှာဖွေသူ ကိုတွေ့ချင်လား, တေးဂီတကိုမေးလိုက်

တေးဂီတကိုရှာချင်ရင်world chatကိုသွားရုံပဲ

ဒါပေမဲ့သူမကိုမေးချင်ရင်တော့ရွှေ၂၀ပေးရမယ်
......

သစ်သားချူလုံးလေးကအချိန်အတော်ကြာမှပြန်ရောက်လာပြီး​တော့ရှီရှန်းကိုမက်ဆေ့ချ်ပို့လိုက်တယ်

သစ်သားချူလုံးလေး :
[အမclearwest,ကျွန်မ ဂိမ်းထဲမဝင်မိတာရက်နည်းနည်းပဲရှိ​သေးတာပါ,အများကြီးပြောင်းလဲသွားသလိုပဲ...အခုဆော့နေတာနတ်ဘုရားနှင့်မိစ္ဆာတို့ရဲ့နယ်မြေရောဟုတ်ရဲ့လား]

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now