Arc 10.30

2.7K 440 3
                                    

Unicode

" ဧကရီ အိုက်ဝေ.."

ဖေးချီရဲ့ စကားသံ ရပ်သွားတာနဲ့ ခန်းမထဲက မီးတွေ အကုန်မှိန်သွားပြီး အဝင်တံခါးနဲ့ ကောဇောနီလျှောက်လမ်းကို ထိုးထားတဲ့ မီးတွေပဲ ကျန်တော့တယ်

စူးစမ်းတဲ့ အကြည့်တွေရဲ့အောက်မှာ နွဲ့နှောင်းတဲ့ ကိုယ်ဟန်လေးတစ်ခုက ခန်းမထဲကို ဝင်ရောက်လာတယ်..

သူမက ရှုပ်ထွေးပြီးခမ်းနားတဲ့  နန်းတက်ဂါဝန်ကို ဝတ်ဆင်ထားပြီး အစေခံတွေအများကြီး ခြံရံကာ လျှောက်လာတယ် မီးရောင်ထိန်ထိန်အောက်က ကောဇောနီပေါ်မှာ လျှောက်လှမ်းလာတဲ့ သူမရဲ့ ပုံရိပ်က ကျက်သရေအပေါင်းခညောင်းနေတယ်

အိုက်ဝေက စိတ်လှုပ်ရှားနေပုံရပြီး ဖြေးဖြေးချင်းပဲ လှမ်းလာနေတယ်

ရှီရှန်းက လူအုပ်ရဲ့ အရှေ့နားမှာ ရပ်နေတာဖြစ်ပြီး သူမရဲ့ အနက်ရောင် ဂါဝန်က ရောင်စုံပိုးထည်တွေကြားမှာ ထင်းနေတာကြောင့် အိုက်ဝေက သူမကို တန်းသတိထားမိသွားတယ်

အိုက်ဝေက ရှီရှန်းအရှေ့မှာ အထင်သေးမခံချင်တဲ့ အတွက် ခေါင်းမော့ ရင်ကော့ပြီး စင်မြင့်ပေါ်ကို တက်သွားတယ်

ရှီရှန်းဘေးက ဖြတ်သွားတဲ့ အချိန်မှာ သူမက သိသိသာသာကြီးကို မျက်နှာကို မော့ချီထားတယ် 'မနေ့ကအထိ သူမရဲ့ တော်ဝင်အဆင့်အတန်းကြောင့် ငါ့မှာစိတ်ထဲ တစ်မျိုးကြီး ဖြစ်နေခဲ့ရတာ..ဒီနေ့မှာတော့ ငါ့ရဲ့အဆင့်အတန်းက သူမထပ် ပိုမြင့်နေပြီ..ရှေးလူကြီးတွေပြောတဲ့ ကံကြမ္မာအလှည့်အပြောင်းဆိုတာ အတော်လေး မှန်တာပဲ..'

ရှီရှန်းက အိုက်ဝေသူမနားက ဖြတ်သွားတာကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေတယ်

'ငါသိသားပဲ..ဇာတ်လိုက်မတွေဆိုတာ ဘယ်နေရာသွားသွား အံ့ချီးဖွယ်ရာ ကံကောင်းမှုနဲ့ တည့်တည့်တိုးတဲ့ မျိုးစိတ်...ပြီးတော့ အဲ့ဒီ အမောက်ထောင်နေတဲ့ အကြည့်ကဘာသဘောလဲ..ငါလေးသာ တကယ်ချေရင် နင်တို့တွေအကုန်လွင့်ပါထွက်သွားမယ်..'

ခန်းမထဲက ပရိသတ်တွေက အသဲအသန်ဆွေးနွေးနေကြတယ် အိုက်ဝေကို အသိအမှတ်ပြုတဲ့ သူတွေလည်း ရှိသလို သဘောမကျတဲ့ သူတွေလည်း ရှိတယ်..

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now