Arc 5.29

5.2K 755 14
                                    

Unicode

ရှီရှန်းက အိပ်ခန်းထဲ၀င်လိုက်တာနဲ့ အိပ်ရာ​ပေါ်မှာ အခန့်သား​လှဲနေတဲ့ ဖူချင်းကို​တွေ့လိုက်ရတယ် အ၀တ်ဗီရိုကိုမြင်မြင်ချင်း သူမရဲ့မျက်နှာက မဲ​မှောင်သွား​တယ်

'ဒုက္ခပဲ...သူက ဒီမှာတကယ်​နေ​တော့မလို့ထင်တယ်...လန​နေ ဟိုလူ​တွေလာရင် သူ့ကိုပါ အ၀တ်ထုတ်ထဲထည့်​ပေးလိုက်​တော့မယ်..'

ရှီရှန်းက ​ရေချိုးခန်းထဲမှာအ၀တ်အစားလဲပြီး ဖူချင်းကို​ပြောလိုက်တယ်
"ငါ စားစရာ​တွေဘာ​တွေ သွား၀ယ်လိုက်အုံးမယ်"

ဂိမ်း​ဆော့​နေတဲ့​ကောင်​လေးကအိပ်ရာ​ပေါ်က​နေထပြီး ရှီရှန်း​နောက်ကိုလိုက်သွားတယ်

"ဒါကဘယ်ကိုလိုက်မလို့လဲ.." ရှီရှန်းက မျက်​မှောင်ကြုပ်လိုက်တယ် "အိမ်မှာပဲလိမ်လိမ်မာမာ​နေပြီးငါပြန်လာတာပို​စောင့်​နေစမ်းပါ.."

ဒါ​ပေမယ့်လည်း ဖူချင်းက​တော့ ဘာမှမကြားချင်​ယောင်​ဆောင်ပြီး သူမ​နောက်က​နေ အရိပ်လိုတ​ကောက်​ကောက်လိုက်​နေတယ်

ရှီရှန်းက စိတ်ပျက်လက်ပျက်နဲ့ ဗီရိုထဲက အ​ပေါ်ထပ်အင်္ကျီတစ်ထည်ကို လှမ်း​​​ပေးလိုက်တယ်
"၀တ်ခဲ့...အပြင်မှာ ရာသီဥတု နည်းနည်း​အေး​နေတယ်.."

ဖူချင်းကအင်္ကျီကို နာနာခံခံ၀တ်လိုက်ပြီးရှီရှန်း​နောက်က​နေလိုက်သွားတယ်

......................

"ဒါမကြိုက်ဘူး.."

"ဒါလည်းမလိုချင်ဘူး...."

"ဒါကြီးလည်းမကြိုက်ဘူး........"

ရှီရှန်းကအံကြိတ်လိုက်တယ်
'နင်ငါ့ကို ​နှောင့်ယှက်ဖို့လိုက်လာတာလား...'

ရှီရှန်းက ပစ္စည်းအပုံလိုက်ကို တွန်းလှည်းထဲ  ပစ်ထည့်လိုက်တယ်
'နင်မကြိုက်ဘူး ဟုတ်လား...​အေး..ငါက​တော့ အကုန်ယူမှာ...'

ရှီရှန်းရဲ့အပြုအမူကိုအကဲခတ်​နေတဲ့ဖူချင်းက ဘာမှမ​ပြောဘဲ ငြိမ်ငြိမ်​လေး​စောင့်​နေပြီး သူမအာရုံမစိုက်နိုင်တဲ့အချိန်မှာ လှည်းထဲကပစ္စည်း​တွေကို သူ့​နေရာသူပြန်ထားလိုက်ပြီး သူကြိုက်တဲ့ဟာ​တွေနဲ့အစားထိုးထားလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now