Arc 7.17

4K 645 3
                                    

Unicode

ရှီရှန်းက ​ကျောင်းကိုပြန်လာတယ် သူမကပုကျင်းယွင်ထွက်​ပြေးသွားမှာကိုစိတ်ပူပြီး သူ့ကိုပါသူမနဲ့တစ်ပါတည်း အတူတူ​ခေါ်လာခဲ့တယ် အဲ့ဒါ​​ကြောင့် နဂိုထဲက ​ကျော်ကြားပြီးသားရှီရှန်းက ပိုလို့​တောင် နာမည်ကြီးလာတယ်
သူမကပြသနာ​တွေဆက်တိုက်ရှာ​နေတာ​ကြောင့် ​အကြီးအကဲကသူမကို ​ကျောင်းထုတ်ပစ်လိုက်ချင်တယ် ဒါ​ပေမယ့် သူမရဲ့အ​နောက်မှာ ရှန့်မိသားစုရှိ​နေ​သေးတယ် ရှန့်မိသားစုက သူမနဲ့ပတ်သတ်ပြီးဘာမှမ​ပြော​သေးတာ​ကြောင့် သူတို့အ​နေနဲ့ဘာမှမလုပ်ရဲ​သေးဘူး ဘာပဲဖြစ်ဖြစ်​လေ ရှန့်​ယောင်ကွမ်းက ရှန့်မိသားစုရဲ့ အကြီးဆုံးသမီး ဖြစ်​နေတုန်းပဲ...​ကျောင်းကသူမကို တိုက်ရိုက်ထုတ်ပယ်လိုက်မယ်ဆိုရင် ရှန့်မိသားစုကိုပါ အပြစ်ပြုမိရာကျလိမ့်မယ်

"မ​မ​လေး!!!မမ​လေး!!! " ရှီရှန်းနဲ့ပုကျင်းယွင်တို့လမ်း​လျှောက်​နေကြတုန်းမှာ တစ်စုံတစ်​ယောက်ကသူမဆီ​ပြေးလာတယ်
ရှီရှန်းက ဒီအသံကိုရင်းနှီး​နေတယ်လို့ထင်တာ​ကြောင့် လှည့်ကြည့်လိုက်တယ်
'ငါထင်သားပဲ...အဲ့အသံက ရှန့်ကျင်းရဲ့အသံ..'

"ဘာလဲ.." ရှီရှန်းရဲ့အသံက ငြင်သာမ​နေဘူး..

ရှန့်ကျင်းက သူမကိုအရိုအ​သေ​ပေးပြီး​ပြောလိုက်တယ်  "၃ရက်ကြာရင် ရှန့်မိသားစုက ဦး​ဆောင်ပြီးကျင်းပရမယ့် ညစာစားပွဲတစ်ခုရှိတယ်...မမ​လေး အိမ်​တော်ကို ပြန်လာမှဖြစ်မယ်..."

အရင်တစ်ခါ ဇာတ်လိုက်မနဲ့ပြသနာတက်ပြီးကတည်းက ရှန့်ကျင်းက ရှီရှန်းကိုသိပ်မ​တွေ့ရ​တော့ဘူး  သူမကရှန့်အိမ်​တော်ကို ရှားရှားပါးပါး​နေမှ တစ်ခါနှစ်ခါ​လောက်ပဲပြန်လာပြီး သူတို့​တွေနဲ့လည်း အရင်လို​ရော​ရော​နှော​နှောမ​နေ​တော့ဘူး...

"ညစာစားပွဲ??? ဘာညစာစားပွဲလဲ "
'ငါထင်​နေတဲ့ဟာ​တော့မဟုတ်​လောက်ပါဘူး​နော်..'

ရှန့်ကျင်းက သူမကို ရို​​သေစွာ​ပြောလိုက်တယ်
"အိမ်​တော်တစ်ရာ စု​ဝေးပွဲ... ဒီနှစ်မှာ ရှန့်အိမ်​တော်က ညစာစားပွဲကိုလက်ခံကျင်းပရမှာပါ..မမ​လေးက ရှန့်အိမ်​တော်ရဲ့ အကြီးဆုံး တိသမီး ဖြစ်တာ​ကြောင့် ညစာစားပွဲမှာ မမ​လေးရှိ​နေဖို့ အ​ရေးကြီးပါတယ် "

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now