Arc 7.19

3.8K 668 9
                                    

Unicode

"ရှင့်ဘာသာကျွန်မကိုမလိမ္မာဘူးပြောပြော,မသိတတ်ဘူးပြောပြော,ထင်ချင်သလိုထင်,စောက်ဂရုကိုမစိုက်တာ, ရှင့်အရှုပ်တွေထဲကိုလာပြီးမဆွဲထည့်နဲ့''ရှီရှန်းကခပ်ပြတ်ပြတ်ပြောလိုက်တယ်

"လူတွေလာစမ်း, ဒီအမိုက်မဲမလေးကိုဆွဲခေါ်သွားကြစမ်း'' သူမအဖေကဒေါသအတော်ထွက်သွားတယ်'ဒီဟာမလေးက ဒီနေ့လာပြီးတော့ဆောင့်ကြွားကြွားလုပ်နေတယ်,ကြည့်ရတာကိုယ့်အခြေအနေကိုယ်မသိဘူးပဲငါဒီနေ့နင့်ကိုရှန့်အိမ်တော်ရဲ့အကြီးအကဲဆိုတာဘာလဲသိအောင်ကိုပြမယ်'

"မမလေး,ကျွန်တော်တို့ရဲ့ရိုင်းပြမှုကိုခွင့်လွှတ်ပေးပါ'' သူမကိုရှန့်ကျင်းကနောင်တရစွာနဲ့ကြည့်နေတယ်

"ဒီလိုမျိုးအကုန်ထွက်သွားရင်ဘယ်ပျော်ဖို့ကောင်းတော့မှာလဲ''ရှီရှန်းကနှုတ်ခမ်းကိုပင့်လိုက်တယ်''ဒီလိုမျိုးအရေးကြီးတဲ့စုဝေးပွဲကြီးမှာကိုယ့်ကိုယ်ကိုအရှက်ခွဲချင်တာသေချာရဲ့လား''

ရှန့်အကြီးအကဲရဲ့မျက်လုံးထဲမှာမီးတောက်တွေတောက်လောင်နေတယ်
'နင်ကအရေးကြီးတဲ့စုဝေးပွဲမှန်းတော့သိသေးတယ်ပေါ့,အဲ့တာတောင်ငါ့ကိုအရှက်ကွဲစေချင်နေတယ်'

"သူမကိုဆွဲထုတ်သွားစမ်း!!''
'ဒီအသုံးမကျတဲ့ဟာမနဲ့နောက်မှစာရင်းရှင်းရမယ်'

ရှန့်ကျင်းကအမိန့်ရတာနဲ့စတင်ပြီးတော့လှုပ်ရှားတော့တယ် ဒါ​ပေမယ့်သူကသူမရဲ့အင်္ကျီလက်စလေးကိုတောင်မထိရသေးတဲ့အချိန်မှာသူ့လကရုတ်တရက်စူးကနဲရှသွားတာကိုခံစားလိုက်ရတယ် သူ့လက်ကိုပြန်ဆွဲတဲ့အချိန်မှာအခုတ်ခံထားရပြီ

ပြုံးပြီးရပ်နေတဲ့မိန်းကလေးကသူမရဲ့ဓားကိုထုတ်ပြီးတော့တစ်ချက်ပြီးတစ်ချက်လိုက်လိုက်ခုတ်တယ်ရှန့်ကျင်းကဘာမှမလုပ်နိုင်ပဲ​နောက်တစ်ကြိမ်အခုတ်ခံလိုက်ရပြန်တယ်

"ရှန့်ယောင်ကွမ်း!!''သူမအဖေရဲ့အော်တဲ့အသံကခန်းမတစ်ခုလုံးကိုဟိန်းသွားစေတယ်

ရှီရှန်းကတုံ့ဆိုင်းမှုမရှိဘဲနဲ့တစ်ချက်ပြီးတစ်ချက်လိုက်လိုက်ခုတ်တယ် ဝင်လာတဲ့ယောကျ်ားလေးတစ်ယောက်အသတ်ခံရတာမြင်တဲ့အချိန်မှာ သူတို့နှစ်ယောက်ကတစ်ကယ်အတည်လုပ်နေမှန်းလူထုကသဘောပေါက်သွားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now