Arc 7.27

3.8K 623 20
                                    

Unicode

ပုကျင်းယွင်မ​ရှောင်နိုင်လိုက်ခင်မှာပဲ ရှီရှန်းကသူ့လက်​မောင်းကိုဖမ်းဆွဲထားလိုက်ပြီး သူတို့နှစ်​ယောက်ရဲ့ခန္ဓာကိုယ်အ​နေအထား ကိုအားအပြည့်နဲ့အလျင်အမြန်​ပြောင်းလိုက်တယ်
'ဟားဟား!!! ​သေချင်းဆိုး​လေး...နင်အခုငါ့​အောက်မှာပဲ..'

ရှီရှန်းရဲ့လက်​ချောင်း​တွေက ပုကျင်းယွင်ရဲ့လည်ပင်းကိုတင်းကျပ်စွာညှစ်ထားတယ် သူမကခန္ဓာကိုယ်ကိုကိုင်းပြီးသူ့မျက်လုံးကိုတည့်တည့်ကြည့်လိုက်တယ်

"ပုကျင်းယွင်...နင်စိတ်​ရောမှန်​သေးလား ဟမ်..နင့်ကိုနင်ဘာလုပ်​နေတယ်ဆိုတာ​ရောသိရဲ့လား..နင်ငါ့ကိုအသားယူ​နေတာပဲ!!!..ငါနင့်ကိုအ​သေသတ်ပစ်မယ်ဆိုတာ နင်ယုံလား..."

ပုကျင်းယွင် "......"
'ဟမ့်!!!...ငါ့ဆီက​နေအသားယူခံရဖို့ဆိုတာလွယ်တာမှတ်လို့!!! ငါကတခြားလူ​တွေကိုအသားမယူချင်ပါဘူး​နော်...ငါအသားယူချင်တဲ့သူက မင်းတစ်​ယောက်ထဲရယ်...တကယ်ပဲ...အချစ်အ​ကြောင်းဘာမှနားမလည်တဲ့မိန်းမ....'

"ငါ့ကိုကြည့်စမ်း...နင်ကများ မတရားခံ​နေရသလိုပုံစံလုပ်​နေရဲတယ်​ပေါ့.." ရှီရှန်းက ပုကျင်းယွင်ရဲ့မျက်နှာကိုဆွဲတည့်ပစ်လိုက်တယ်

ပုကျင်းယွင်က သူ့အကြည့်ကိုလွှဲလိုက်တယ်
'ဟမ့်!!! ငါမတရားခံ​နေရသလိုပုံစံလုပ်​မနေပါဘူး...'

ရှီရှန်းစိတ်ကို​လျှော့လိုက်ပြီး ပုကျင်းယွင်ရဲ့လည်ပင်းကိုလွှတ်​ပေးလိုက်တယ် ဒါ​ပေမယ့်သူမက သူ့အ​ပေါ်မှာခွထိုင်​နေတုန်းပဲ.."ရှင်က ဒီကိုဘယ်လို​ရောက်လာတာလဲ.."

"ကုန်း​မြေကိုးပါးတစ်ခွင်မှာ ငါသွားလို့မရတဲ့​နေရာရှိလို့လား.." ပုကျင်းယွင်ကခပ်​ပေါ့​ပေါ့ပြန်​ဖြေလိုက်တယ် ဒါ​ပေမယ့်သူက ရှီရှန်းကိုစူးစူးစိုက်စိုက်ကြည့်​နေတုန်းပဲ..
'ဟမ့်!!! သူငါ့ကိုဂရုစိုက်တယ်ဆိုတာငါသိသားပဲ...ဒီဟန်​ဆောင်​ကောင်းတဲ့မိန်းမ..'

ရှီရှန်းက မျက်လုံးလှိမ့်ပြလိုက်တယ်
"အဲ့ဒါဆို ရှင် ငရဲ ကိုသွားပါလား.."

'ဒီ​ကောင်က မူလဇာတ်​ကြောင်းထဲမှာပါတဲ့ အာဏာရူး​ရောဟုတ်​သေးရဲ့လား..ဘာလို့အားအားယားယား​လျှောက်သွား​နေရတာလဲ...အဲ့ဒီအစား အိမ်မှာပဲငြိမ်ငြိမ်​လေး​နေ​နေပြီး ငါသူ့ကိုလက်ထပ်မှာကို လိမ်လိမ်မာမာ​စောင့်​နေရင်ပြီး​ရော..'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now