Arc 7.11

4.1K 707 13
                                    

Unicode

ပုကျင်းယွင်ကရှီရှန်းလက်ထဲကပစ္စည်းကိုမြင်ပြီးစိတ်ပျက်လက်ပျက်​ပြောလိုက်တယ်
''မင်းတို့​ကျောင်းကအဲ့လောက်တောင်ဆင်းရဲတာလား''

ရှီရှန်းကပစ္စည်းကိုကြည့်လိုက်တယ်
အဲ့ဒါကလုံးလုံးလေးဖြစ်ပြီးတော့အပေါ်ယံအနက်ရောင်မျက်နှာပြင်မှာဂါထာတွေထွင်းထုထားတယ်

ပုကျင်းယွင်ရဲ့မျက်နှာပုံစံကိုကြည့်လိုက်တော့သိပ်အဖိုးမတန်ဘူးလို့ထင်လိုက်ပြီးသူ့ဆီပစ်ပေးလိုက်တယ်

ပုကျင်းယွင်''.....''
'မင်းမလိုချင်တာနဲ့ပစ်ပေးရ​အောင်ငါ့ကိုအမှိုက်ပုံးလို့များထင်နေလား!'

"ကောင်မလေးအပေါ်မှာသတိထားနော်''
ကျုံးရှီရိက သူ့တပည့်ကိုလှမ်းပြီးတော့သတိပေးတယ်
''နယ်မြေကိုးပါးခန်းမကသူတွေကခွန်အားမှာသာတယ်မင်းဂရုစိုက်မှဖြစ်မယ်''

"​စောက်ပို​တွေ...သနားစရာ" ပုကျင်းယွင်ကခပ်ရွဲ့ရွဲ့​ပြောလိုက်တယ်

ကျုံးရှီရိ နဲ့ချင်လန်ယွဲ့ကပုကျင်းယွင်ကိုလှမ်းကြည့်တယ် ချင်လန်ယွဲ့ကရှီရှန်းကိုတွေ့တဲ့အခါမှာလူသတ်ချင်စိတ်တွေပေါက်လာတယ်

ပုကျင်းယွင်ကအကြည့်တစ်ချက်ပြန်ပေးလိုက်တဲ့အခါမှာချင်လန်ယွဲ့ ကသံသယဖြစ်စွာနဲ့သူ့ကိုစိုက်ကြည့်လာတယ်

"မိန်းကလေးရှန်း,သူ့ကိုဘယ်ကနေခေါ်လာတာလဲ''ကျုံးရှီရိကမဲမှောင်တဲ့အမူအယာနဲ့မေးလိုက်တယ်''မင်းကကျောင်းရဲ့ပါရမီရှင်လို့သတ်မှတ်ခံထားရပေမဲ့လည်းကျောင်းရဲ့စည်းကမ်းတွေကိုလိုက်နာသင့်တယ်...ဘယ်လိုဖြစ်ပြီးတော့ဒီလိုမျက်ကွယ်ပြုရတာလဲ''

"ကောင်းပြီလေ,သူကအခုဒီရောက်နေပြီပဲ,ရှင်မ​ကျေနပ်ရင်သူ့ကိုအပြင်ဆွဲထုတ်ပေါ့''

'ထုတ်ရဲလား!,ထုတ်ကြည့်လေသူ့လူတွေကရှင့်ကိုတစ်စစီဆွဲဖြဲလိမ့်မယ်'

"ဟမ့်...မင်းလုပ်ထားဦးပေါ့,ဒီကိစ္စကိုမင်းတိုက်ပွဲကနေအသက်ရှင်လျက်ပြန်ထွက်လာနိုင်မှဆက်ပြောမယ်''

'ငါသိသားပဲသူမထွက်လာနိုင်လောက်ဘူးပြိုင်ဘက်တွေကပေါ့သေးသေးမှမဟုတ်တာ'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now