Arc 6.12

3.3K 564 11
                                    

Unicode

လ​ရောင်​အောက်ကအမူးသမား : [...နှင်းပွင့်​လေး...ငါတို့ကိုခန​လောက်​စောင့်ပါအုံး...]

လ​ရောင်​အောက်ကမုတ်သုန်​လေ : [ ....​​ပင်လယ်လယ်​လေးသွယ်တို့အဖွဲ့​တွေမင်းတို့ဆီလာ​နေတယ် ...]

လ​ရောင်အောက်ကပန်းသီးစိတ်ရဲရဲ​လေး : [ ရောက်ပြီ..]

လ​ရောင်​အောက်ကအမူးသမား : [ ဘယ်ကို​ရောက်တာလဲ...]

လ​ရောင်​အောက်ကပန်းသီးစိတ်ရဲရဲ​လေး : [ ငါက ပင်လယ်​လေးသွယ်တို့အဖွဲ့ထဲမှာ...ငါ​ပြောတာက ဂီတ​လေးတို့ဆီကို ငါတို့​ရောက်ပြီလို့ ]

လ​ရောင်​အောက်ကမုတ်သုန်​လေ : [ ​ဘေ့ာစ်ကလည်း... ကျွန်​တော်တို့ကို​တောင်မ​ခေါ်သွားဘူး ]

ပင်လယ်​လေးသွယ်ကုန်း​မြေရှစ်ပါး : [ မင်းတို့မှာလဲ...ဘယ်လို​တောင်​စောက်ပျင်းကြီး​နေကြတာလဲကွာ...​စောက်ပျင်းကြီး​​ရောဂါနဲ့​သေရမယ့်​ကောင်​တွေ ]

'တစ်​နေ့တစ်​နေ့ world chat​ပေါ်မှာ​ပေါက်ပန်း​လေးဆယ်စကား​တွေ​ပြော​ရင်းနဲ့ပဲအချိန်ကုန်​နေကြတယ်..ဘာမှလည်းမလုပ်ဘူး...'

ပင်လယ်​လေးသွယ်က လ​ရောင်​အောက်က​စောက်​ပေါနှစ်​ကောင်ကို group ထဲ inviteလိုက်ပြီး world chatကိုတိတ်ဆိတ်သွား​စေတယ်

ငန်း​တောင်မှာ​တော့ အဖိုးမဖြတ်နိုင်တဲ့ရှားပါးမြင်ကွင်းက​စောင့်ကြို​နေတယ်

မင်ရည်ရှာ​ဖွေသူရဲ့လေးဘက်​လေးတန်မှာ ရန်သူ​တွေ၀ိုင်း​​နေပြီး ပက်ပက်စက်စက်အသတ်ခံ​နေရတယ် ရှီရှန်းက​တော့​ဘေးမှာပဲရပ်​နေပြီး သူ့ကိုပြန်လည်ရှင်သန်ခြင်း​ဆေးလုံး​တွေအဆက်မပြတ်သုံး​ပြီး  အသက်ပြန်သွင်း​ပေး​နေတယ်
တစ်ကြိမ်​သေလိုက် ..ရှီရှန်းကအသက်ပြန်သွင်း​ပေးလိုက်... ထပ်ပြီးတိုက်ခိုက်ခံရလိုက်...​သေလိုက်...အဲ့လိုနဲ့ပဲ သံသရာလည်​နေတယ်

​သေချာတာ​ပေါ့...ရှီရှန်းကသူ့ကိုအသက်ပြန်သွင်း​ပေး​နေတယ်ဆိုတာက ​​စေတနာရှိလွန်းလို့​တော့ဘယ်ဟုတ်မလဲ
အကြိမ်​ရေများများ​သေ​လေ​​လေ level ကျတာမြန်​လေ​လေပဲ​လေ.....​သွေး​ကြွေးကိုဆပ်ဖို့အတွက် ၁ကြိမ်​လောက်သတ်လိုက်ရုံနဲ့ဘယ်​ကျေနပ်နိုင်ပါ့မလဲ....

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now