Arc 10.15

2.8K 452 0
                                    

Unicode

အိုက်ဝေက ရှီရှန်းဒီလိုမျိုးတုန့်ပြန်လိမ့်မယ်လို့ ထင်မထားတာကြောင့် နေရာမှာကြောင်ပြီးရပ်နေတယ်

သူမပုခုံးကိုအနောက်ကနေတစ်ယောက်ယောက်လှမ်းပုတ်လိုက်မှ သတိပြန်ဝင်လာတယ် အိုက်ဝေက ဒီလူကို လှည့်ကြည့်လိုက်ပြီး နူးညံ့စွာခေါ်လိုက်တယ် "စုန့်ကော်...သူမ..."

"ကိစ္စမရှိပါဘူး..မင်းအကောင်းဆုံးကြိုးစားခဲ့တာပဲ..ကျန်တာကို သူတို့ဘာသာသူတို့ဆက်လုပ်ပါလိမ့်မယ်..." စုန့်ကော်စန်းက ပြုံးပြီး သူမခေါင်းကိုပုတ်ပေးလိုက်တယ်

အိုက်ဝေက သူမနှုတ်ခမ်းကို စိတ်ဖိစီးစွာကိုက်လိုက်တယ် "အဲ့ဒီကိစ္စတွေက တကယ်ပဲ သူမလုပ်တာလား.."

"ဗီဒီယိုဖိုင် သက်သေတွေရှိတယ်မဟုတ်လား.." စုန့်ကော်စန်းက ရှီရှန်းထွက်သွားတဲ့ ဘက်ကို အေးစက်စွာကြည့်လိုက်တယ်

သူ့စကားတွေက အိုက်ဝေရဲ့ စိတ်ထဲမှာ ပဲ့တင်ထပ်နေတယ်

............................

ရှီရှန်း ကျောင်းပေါက်ဝကနေဝင်ဝင်ချင်း ဘယ်လောက်မှတောင်မသွားရသေးခင် ကျိုးလဲ့နဲ့တွေ့တော့တယ်

'ငါဒီနေ့ အိမ်ကနေထွက်တော့ ကံဇာတာမကြည့်ခဲ့ရလို့များလား...ဇာတ်လိုက်တွေနဲ့ပဲ လာလာတိုးနေတာပဲ....'

"သူတို့တွေချုံခိုတိုက်ဖို့စီစဉ်နေကြပြီ..သတိထား,..." ကျို့လဲ့က သူမဘေးကဖြတ်သွားတဲ့အချိန်မှာ ဒီစကားတွေကိုခပ်တိုးတိုးပြောခဲ့ပြီး ရှီရှန်း မြင်ကွင်းကနေပျောက်သွားတယ်

ရှီရှန်း"............."

'ဘုရားရေ.....ဇာတ်လိုက်ကောင်ကသူ့ကိုယ်သူဘာလုပ်နေမှန်းရောသိရဲ့လား...မဟုတ်မှလွဲရော ဘက်ပြောင်းချင်တာလား..သူဘာတွေကြံနေတာလဲ...အစတုန်းက ငါတို့နှစ်ယောက်က ဆန့်ကျင်ဘက်တွေဆိုတာအသိသာကြီးလေ...သူပြောရင်တောင်ငါမယုံဘူး..သွားစစ်ကြည့်ရရင်ကောင်းမလား... ဒါပေမယ့် တကယ်ကြီး ချုံခိုတိုက်ဖို့လုပ်ထားကြရင်ရော...'

ရှီရှန်းက သူမများ အတွေးလွန်နေတာလားလို့တွေးလိုက်မိတယ် ဇာတ်လိုက်ကောင်က ရိုးရိုးတမ်းတမ်းစေတနာနဲ့ သတိ‌‌‌ပေးတာလည်းဖြစ်နိုင်တာပဲ..ဘာပဲပြောပြောသူမတို့ နှစ်ယောက်လုံးက သွေးသန့်တွေပဲလေ...

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now