Arc 10.21

2.9K 472 0
                                    

Unicode

သူနဲ့စကားခနပြောပြီးတဲ့အခါမှာရှီရှန်းက မင်းသားခဲ့အာက မီနိုင်းကိုသမီးအရင်းတစ်ယောက်လိုသဘောထားမှန်းသိလိုက်ရတယ် သူမရဲ့ပြောဆိုဆက်ဆံပုံကလည်းအရင်ကထက်လေးစားမှုရှိပြီးယဉ်ကျေးသွားတယ်

"တစ်စုံတစ်ယောက်ကမင်းလိုဟန်ဆောင်နေတယ်ပေါ့"
ရှီရှန်းညီလာခံထဲကိုဝင်ဖို့အခက်အခဲဖြစ်ရတဲ့အကြောင်းအရင်းကို သူသိသွားတဲ့အခါစိတ်ဆိုးသွားတယ်
"ဘယ်သူကများငါ့သမီးလိုဟန်ဆောင်ရဲတာလဲ,ပညာပေးဖို့လူလွှတ်ပေးရမလား"

"မွေးစားအဖေ, စိတ်မပူပါနဲ့,သမီးဘာသာကြည့်ရှင်းလိုက်မယ်"

"အလုပ်မဖြစ်ရင်ရော"
သူမအဖေကစိတ်ပူနေတယ်

"သမီးကိုယုံလိုက်ပါ"
ရှီရှန်းကသူ့ကိုကြည့်လိုက်တယ်
"သမီးအရွယ်ရောက်လာပြီနော်"

ခဲ့အားက ရုတ်တရပ်ကြောင်သွားပြီးအသံကျယ်ကြီးနဲ့အော်ရယ်တော့တယ်
"ကောင်းပါပြီ,ကောင်းပါပြီဗျာ,မင်းစိတ်တိုင်းကျသာလုပ်ပါ,ဖေဖေက မင်းဘာလုပ်လုပ်ပံ့ပိုးပေးမှာပါ"

ရှီရှန်း ကပြုံးပြီးစက္ကန့်အနည်းငယ်အကြာမှာစကားထပ်ပြောတယ်
"မွေးစားအဖေ, အခုတစ်ခေါက်မှာပိုပြီးတော့သတိရှိရှိနေပါ"

"ဟမ်"

" မသေချာပေမဲ့, လူအချို့ကလှည့်ကွက်တွေအရမ်းသုံးတယ် အဲ့တာကြောင့်အခေါက်တိုင်းသတိမထားမိမှာစိုးလို့ပါ"

ခဲ့အာကခေါင်းညိတ်ပြတယ်, သူ့ရဲ့လေသံကပိုပြီးတော့လေးနက်သွားတယ်
"မင်း, ဒီတစ်ခေါက်ဘုရင်အသစ်ရွေးမယ့်အကြောင်းသိပြီးပြီလား"

ရှီရှန်း ခေါင်းညိတ်ပြတော့ခဲ့အာက ဆက်ပြောတယ်
"အဖေတို့လို့ဝါရင့်နေတဲ့သူတွေက ပွဲကိုတစ်ယောက်မှတက်မှာမဟုတ်ဘူးအဲဒီတော့ဒီတစ်ခေါက်အရွေးခံရမယ့်ဘုရင်က မျိုးဆက်သစ် တွေထဲကပဲလာမှာ မင်းက သွေးသန့်တစ်ယောက်ဖြစ်နေတာမို့မင်းရဲ့မဲအရေအတွက်ကအရေးကြီးတယ် အကယ်၍မင်းပြန်လာတာကိုသူတို့သိရင်မင်းကိုပဲပေးကြမှာ အဲ့တာကြောင့်အခုလောလောဆယ်တော့နန်းတော်ထဲမှာပဲနေဦး တစ်ခုခုလိုအပ်တာရှိရင်ရွေ့ရီကိုပြောလိုက်ပါ"

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now