Arc 6.5

3.8K 615 34
                                    

Unicode

ရှီရှန်းက လ​ရောင်​အောက်ကနှင်းပွင့်​လေး ကို သင့်တင့်​လျောက်ပတ်တဲ့ replyတစ်ခုပြန်​ပေးလိုက်တယ်

လ​ရောင်​အောက်ကနှင်းပွင့်​လေးက *တာ၀ါဖြိုပွဲ ပရိသတ်များ*ဆိုတဲ့  groupတစ်ခုကိုအလျင်အမြန်ဖွဲ့လိုက်ပြီး  ရှီရှန်းနဲ့ လိုင်း​ပေါ်မှာရှိ​နေတဲ့ လ​ရောင်​အောက်ကမုတ်သုန်​လေ ကို groupထဲဆွဲထည့်ပစ်လိုက်တယ်

《Group chat ထဲတွင်》

မိုင်တစ်​ထောင်​တေးဂီတ : [နင်တို့လည်း တာ၀ါသွားဖြိုကြမလို့လား]

လ​ရောင်​အောက်ကနှင်းပွင့်​လေး :[ မဟုတ်ပါဘူး...ငါတို့ကနင်လုပ်တာကိုလိုက်ကြည့်မလို့....]

လ​ရောင်​အောက်ကမုတ်သုန်​လေ : [ ငါကသူ​ခေါ်လို့​ရောက်လာတာ....]

မိုင်တစ်​ထောင်​တေးဂီတ  :  [နင်တို့​တွေက  ငါတာ၀ါဖြိုလို့ရမယ့်အမှတ်​တွေကို အ​ချောင်လိုက်ယူချင်​နေ​တာပဲ...ကိုယ့်ကိုကိုယ်​တော်လှပြီလို့ထင်မ​နေကြနဲ့....]

လ​ရောင်​အောက်ကမုတ်သုန်​လေ :  ["........."]

လ​ရောင်​အောက်ကနှင်းပွင့်​လေး : ["............"]

《မိုင်တစ်​ထောင်​တေးဂီတသည် တာ၀ါဖြိုပွဲရိသတ်များ groupမှ ထွက်ခွာသွားပါပြီ...》

ရှီရှန်းက ပရမ်းပတာစဆရကတစ်သိုက်ကို​ချန်ထားခဲ့ပြီး တာ၀ါဖြို level တက်ဖို့ ထွက်သွားလတယ်

ရှီရှန်းကitem shopက​နေ လိုအပ်သမျှပစ္စည်း​တွေအကုန်၀ယ်ပြီး သူမကိုတာ၀ါထဲ​ခေါ်သွား​​ပေးမယ့် *ကြယ်စင်ခုနစ်သိန်း တာ၀ါ*ရဲ့ NPC ကိုသွား​တွေ့လိုက်တယ်

*ကြယ်စင်ခုနစ်သိန်းတာ၀ါ*က တခြားတာ၀ါ​တွေလိုပဲ ပထမအထပ်၃၀က ရှင်းလင်းဖို့လွယ်ကူ​ပေမယ့် အထပ်၃၀​ကျော်လာရင် နိုင်ဖို့လုံး၀မလွယ်​တော့ဘူး

ရှီရှန်းက ​နေ့တစ်၀က်ကျိုးပြီးတဲ့​နောက်မှာ အထပ်၂၀​ကျော်ဖြိုနိုင်ခဲ့ပြီး အ​တွေ့အကြုံအ​တော်ရသွားတယ် သူမတာ၀ါထဲကထွက်ထွက်လာချင်းမှာပဲ လ​ရောင်​အောက်ကနှင်းပွင့်​လေးက သူမကို private chatထဲက​နေ စာတစ်​စောင်လှမ်းပို့တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now