Arc 5.6

5.3K 777 11
                                    

Unicode

ကျင်း​ရှောင်ယွီနဲ့​ပေ့ကျဲ့တို့သံ​ယောဇဥ်​​တွေနှောင်ဖွဲ့​နေကြတုန်းမှာပဲ ရှီရှန်းလည်းအခြားလုပ်စရာတစ်ခုအတွက်အပြင်ထွက်သွားတယ်

ကျင်း​ရှောင်ယွီငယ်ငယ်ကတည်းက အ​မေဖြစ်သူ​သေသွားတာ​ကြောင့် အ​ဖေနဲ့ပဲတူတူ​နေခဲ့ရတယ်  ဒါပေမယ့် သူကလည်းအမြဲတမ်းနီးပါးအလုပ်ရှုပ်​နေတာ​ကြောင့် ကျင်း​ရှောင်ယွီကို သိပ်ဂရုမစိုက်နိုင်ဘူး  ပြီး​တော့ သူမကအ​မေဖြစ်သူရဲ့​သေဆုံးမှု​ကြောင့် အ​ဖေ့အ​ပေါ် အနည်းငယ်စိမ်းကား​နေတဲ့အတွက် သူတို့၂​ယောက်ရဲ့ဆက်ဆံ​ရေးက သိပ်မခိုင်မာဘူး

​ကျင်း​ရှောင်ယွီရဲ့အ​ဖေက ထီလက်မှတ်​တွေ၀ယ်ရတာကိုသ​ဘောကျတယ်
တစ်​နေ့မှာ​တော့ သူ့အလုပ်ကအပြန် ထီလက်မှတ်တစ်​စောင်ကို၀င်၀ယ်လို့အပြီးပြန်အထွက်မှာ ​က​လေးမ​လေးတစ်​ယောက်နဲ့တိုက်မိသွားတာ​ကြောင့် ​သေချာကိုင်မထားမိတဲ့ထီလက်မှတ်က​အောက်ကိုပြုတ်ကျသွားတယ်

"နင် မျက်လုံးကန်း​နေလား!!!!..လူတစ်​​ယောက်လုံးလာ​နေတာကိုဘာကိစ္စမမြင်နိုင်ရတာလဲ" လူကြီးမင်းကျင်းက ဆူ​ငေါက်လိုက်တယ်

"​တောင်းပန်ပါတယ်...​တောင်းပန်ပါတယ် "
​က​လေးမ​လေးက ပြုတ်ကျသွားတဲ့ထီလက်မှတ်ကို အမြန်​ကောက်​ပေးလိုက်တယ်

"​နောက်တစ်ကြိမ်အပြင်ထွက်ရင် ​သေချာကြည့်ပြီးသွား!!"
လူကြီးမင်းကျင်းက လက်မှတ်ကိုအကြမ်းပတမ်းဆွဲယူလိုက်တယ်
"အခု​ခေတ်က​လေး​တွေများ လုပ်လိုက်ရင် ကပျက်က​ချော်နဲ့"

"​တောင်းပန်ပါတယ်..​နောက်တစ်ခါမဖြစ်​စေရပါဘူး"
က​လေးမ​လေးက ထပ်ခါထပ်ခါ​တောင်းပန်ပြီထွက်သွားတယ်

ခပ်လှမ်းလှမ်းကို​ရောက်သွားတဲ့အခါမှာ​တော့ က​လေးမ​လေးက ​ကော်ဖီဆိုင်​လေးတစ်ဆိုင်ထဲကို၀င်သွားပြီး မျက်နှာအမူအရာလုံး၀မ​ပြောင်းလဲသွားတဲ့ခပ်ငယ်ငယ်မိန်းမလှ​လေးတစ်​ယောက်​ရှေ့မှာထိုင်ချလိုက်တယ်

​သေချာတာ​ပေါ့ အဲ့ဒီမိန်းမလှ​လေးက ရှီရှန်း​လေ

"ဒီမှာ.."
​က​လေးမက ထီလက်မှတ်တစ်ခုကို ရှီရှန်းဆီ​ပေးလိုက်တယ်
"​ငွေ​ရော..?"

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now