Arc 7.30

3.9K 643 4
                                    

Unicode

​တောနက်ထဲကို​သွားမယ့်အစား ရှီရှန်းကသူတို့ကို ​ချောက်ကမ်းပါး တစ်ခုနားကို​​ကွေ့ပတ်ပြီးခေါ်သွားတယ်

​ချောက်ကမ်းပါးရဲ့ဟိုဘက်ကမ်းမှာ အနီရဲရဲအပင်တစ်ပင်​ပေါက်​နေတယ် အပင်ရဲ့ပင်စည်က အရမ်းနူးညံ့​ပုံ​ပေါ်ပြီး အရွက်နှစ်ရွက်ပဲရှိတယ် ရိုးတံရဲ့အဆုံးမှာ အပင်တစ်ပင်လုံးထပ်​တောင်ပိုကြီးတဲ့အနီရဲရဲပန်းပွင့်ကြီးတစ်ပွင့်ရှိတယ် ပန်းပွင့်က​လေယူရာယိမ်းနွဲ့​နေတာ​ကြောင့် ပင်စည်ကအချိန်မ​ရွေး ဂျွတ်ခနဲ ကျိုးသွား​တော့မယ့်ပုံပဲ..

ရှီရှန်းကအဲ့ဘက်ကိုသွား​တော့မယ့်အချိန်မှာပဲ ပုကျင်းယွင်ကသူမကိုလှမ်းဆွဲလိုက်တယ် .သူက  ရှီရှန်းရဲ့ခါးကို လက်နဲ့ဖက်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်..သူတို့နှစ်​ယောက်ကအရမ်းနီးကပ်​နေတာကြောင့် တစ်​ယောက်ရဲ့နှလုံးခုန်သံကို​တောင် တစ်​ယောက်ကကြား​နေရတယ်..

"ရှင်ရူးသွားပြီလား.." ရှီရှန်းကသူ့ကိုစိုက်ကြည့်လိုက်တယ် "လွှတ်စမ်းပါ.."

ပုကျင်းယွင်က သူ့နှုတ်ခမ်း​တွေကိုခပ်တင်းတင်း​စေ့လိုက်ပြီး ပုံမှန်ထပ်အများကြီးပို​လေးနက်တဲ့အသံနဲ့​ပြောလိုက်တယ်
"မင်း....ဘယ်လိုသိသွားတာလဲ.."

"ဘာကိုသိရမှာလဲ.." ရှီရှန်းက သူမရဲ့အကြည့်ကိုလွှဲလိုက်တယ်

"တိမ်လွှာနီပန်းပွင့်.."

"ရှင်နဲ့မဆိုင်ပါဘူး.." ရှီရှန်းက မျက်​မှောင်ကျုတ်လိုက်တယ်

"​ယောင်ကွမ်း.." ပုကျင်းယွင်က ​လေး​လေးနက်နက်ပြောလိုက်တယ် "ကိုယ်ဘာ​ပြော​နေတယ်ဆိုတာ မင်းသိပါတယ်.."

'တစ်ခါ​လောက်​တောင် ရိုးသား​ပေးလို့မရဘူးလား..'

တိမ်လွှာနီပန်းပွင့်က  သူ့ကျိန်စာကို​ဖြည်ဖို့အတွက် လိုအပ်တဲ့ပစ္စည်း​တွေထဲကတစ်ခုပဲ...သူမ ဒီပန်းကိုရှာ​တွေ့တာက တိုက်ဆိုင်မှုသက်သက်ပဲဆိုတာ သူလုံး၀မယုံဘူး..

ရှီရှန်းက ပုကျင်းယွင်ရဲ့ရင်ဘက်ကို လက်နှစ်ဖက်နဲ့တွန်းလိုက်ပြီး သူမတို့ကြားမှာ ​နေရာနည်းနည်းခွာလိုက်တယ် "ကျိန်စာကိုဖယ်ဖို့နည်းလမ်းကို ရှင်အ​စောကြီးကတည်းက​တွေ့ပြီးသားမလား..ရှင်မှာ လိုအပ်တဲ့ပစ္စည်း​တွေမရှိလို့သာ ရှင်အဲ့ဒါကိုမလုပ်နိုင်​သေးတာ.. ကျွန်မ ရှင့်ကို ​ဆေးဘုရင်ရဲ့ မီးပြင်းဖိုလည်း​ပေးပြီးသားပဲ..ကျန်တဲ့ပါ၀င်ပစ္စည်း​တွေကိုလည်း ကျွန်မ​တွေ့​အောင်ရှာ​ပေးမယ်...ရှင်လုပ်စရာလိုတာဆိုလို့ ကျိန်စာကိုဖြည် ပြီးရင် ကျွန်မကိုလက်ထပ်ဖို့ပဲ..."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now