Arc 10.38

3.3K 470 0
                                    

Unicode

"အိုး..နေပါဦး,ရှင်ကသေရမှာတော့ကြောက်တယ်မလား,ရှင်ပေးဆပ်ရမယ့်အရာကရှင့်အသက်ဆိုရင်တောင်သူမကိုပြန်အသက်သွင်းဦးမှာလား"

ရှီရှန်း ရဲ့စကားလုံးတွေကစုန့်ကော်စန်းရဲ့နှလုံးသားထဲကိုဆူးတွေထိုးနှက်နေသလိုခံစားရစေတယ် ဖန်ခေါင်းတလားကိုကိုင်ထားတဲ့လက်ကတစ်ဖြည်းဖြည်းအားလျော့လာပြီးတော့ နောက်တစ်ကြိမ်ပြုတ်ကြပြန်တယ် ဒီတစ်ခါမှာတော့အထဲကအလောင်းပါထွက်ကျလာတယ်

လေးလံတဲ့ဖန်တလားဖြစ်တာကြောင့်ပြုတ်ကျတာနဲ့နှစ်ပိုင်းကွဲသွားတော့တယ်

စုန့်ကော်စန်းက ပြုတ်ကျလာတဲ့အရိုးစုရယ်, ကွဲကြေကုန်တဲ့ဖန်တလားရယ်ကိုကြည့်ပြီးအားလုံးဝမရှိတော့ဘူး သူအင်အားကုန်ဆုံးပြီးမြေပြင်ပေါ်မှာဒူးထောက်လျက်သားရှိနေတယ်

သူ့ရဲ့နှုတ်ခမ်းတွေကမီးတောက်လောင်နေသလိုခံစားရပြီးအသွေးနဲ့အသားတွေကိုတစ်ယောက်ယောက်က စားသွားသလိုခံစားရတယ် နာကျင်မှုကနှလုံးသားဆီထိရောက်လာပြီးခြေလက်တွေကအားမရှိတော့ဘူး

'ဒါက...'

ရှီရှန်း ကစုန့်ကော်စန်းဒီလိုမျိုးမြေပြင်ပေါ်မှာဒူးထောက်လျက်သားဖြစ်နေတာကိုမြင်ပြီးကြောင်နေတယ်
'လခွမ်း, ငါတို့ကတိုက်တောင်မတိုက်ရသေးဘူး,ရှင်ကကျွန်မရှေ့လာဒူးထောက်နေတာလား'

"အားး!!!"
စုန့်ကော်စန်းက ကောင်းကင်ကိုမော့ကြည့်ပြီးဟစ်ကြွေးတော့တယ်
သူ့ရဲ့ဗလာကျင်းတဲ့မျက်လုံးတွေကလည်းမြင်နိုင်စွမ်းမရှိတော့ဘူး

အပြစ်ကင်းစင်သောရှီရှန်း"....."
'ငါဘာမှမလုပ်ရသေးဘူးနော်,သူ့ဘာသူသေသွားတာ'

"ဒါကိုသိဒ္ဓိရေလို့ခေါ်တယ်,ဒါကဗန်ပိုင်းယားမုဆိုးတွေ ဗန်ပိုင်းယားတွေသတ်ရင်သုံးတဲ့အစွမ်းထက်ဆုံးလက်နက်ပဲ"
ရှီရင်းကရှီရှန်းရဲ့နောက်မှာရပ်နေပြီးတော့သူမကိုလေသံနိမ့်နိမ့်နဲ့ရှင်းပြတယ်

ရှီရှန်း ကအိုက်ဝေစုန့်ကော်စန်းကိုနမ်းလိုက်တဲ့အချိန်ကိုသတိရသွားတယ်
'ဘာလား, ကိုရီးယားဇာတ်ကားလား?, အဲ့ဆိုအိုက်ဝေလည်းဘယ်လိုလုပ်ပြီးအသက်ရှင်မလဲ'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now