ပထမ ဘ၀၌ ပြန်လည်မွေးဖွားခြင်း

17.3K 716 12
                                    

Unicode

ဖောင်း!

ကျယ်လောင်တဲ့အသံကြီးက ကောင်းကင်နဲ့ မြေပြင် ကို လှုပ်ခတ်သွားတယ် မီးခိုးအငွေ့ကို နေရာ အနံ့ တွေ့မြင်နေရတယ် 

ရှရှီပေ မျက်လုံးမဖွင့်ခင် ခါးခါး သီးသီ ပြုံးလိုက်တယ် သူမရှုံးနိမ့်ပြန်ပြီ 

တခနအကြာ,သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ထူးဆန်းတဲ့ အထိအတွေ့တွေကြောင့်  မျက်စိ ဖွင့်လာတယ် သူမရဲ့ အကြည့် က စူးရှနေတယ်

သူမရဲ့ အ‌ေရှ့က လျော့တီးလျော့ရဲ နံစော် ညစ်ပတ်နေတဲ့  ယောက်ျားကြီးက သူမရဲ့ ပြောင်းလဲ မှုကို သတိ မပြုမိဘူး ဒါ့အပြင် သူက ပြုံးဖြီးဖြီးလုပ်ပြီး  သူ့ရဲ့ အဝါရောင် သွားတေွနဲ့  သူမရဲ့ ခန္ဓာကိုယ် ကို ပွတ်သတ်နေတယ် သူ့မှာ အဝတ်လည်း မပါ

ရှရှီပေ ရဲ့ လှုပ်ရှားမှုတွေက အတွေးထက်မြန်နေတယ် သူမ အဲ့လူရဲ့ လက်ကို ကြမ်းကြမ်းတမ်းတမ်း ဆဲွဆောင့်လိုက်တယ်

'အား'!

လူကြီးက ခွေးလို အော်လိုက်တယ် သူ့‌ေအာ်သံက အနားက အမှိုက်ပုံးတွေမှာ အစာလိုက်လံ ရှာ‌ေဖွနေတဲ့ လမ်း‌ေဘးခွေး လမ်းဘေးကြောင် တွေကို လန့်ဖြန့်သွားစေတယ် 

'ငါ့...ငါ့ကိုလွှတ်'

လူကြီးဟာ ရှရှီပေ ကို တွန်းရန်ကြိုးစားရင်း အော်လိုက်တယ်

ဒါပေမယ့် ‌မကြာခင်မှာဘဲ ရှရှီပေ သူ့ရဲ့အောက်ပိုင်းကို ကန်တဲ့ အရှိန်ကြောင့် ထပ်ပြီးအော်လိုက်ပြန်တယ် နာကျင်လွန်း‌ေသာကြောင့် မျက်လံုံးပါ ပြူးထွက်လာတယ်

ဘယ်လိုယောက်ျားမျိုးက ဒီလို နာကျင်မှုမျိုးကို နားမလည်ရမှာလဲ?

ရှရှီပေ မရပ်ဘဲနဲ့ သူ့ကို နံရံထိ ရောက်အောင် ထပ်ကန်လိုက်တယ် 

ယောက်ျားကြီးက ကွေးကွေးလေးဖြစ်နေတယ် သူ့မျက်နှာက စကားမပြောနိုင်လောက်အောင် ‌ေဖျော့တော့နေတယ်

ရှရှီပေ ဘေးပတ်ဝန်ကျင်ကို ခံစားချက်မပါစွာ လှည့်ပတ်ကြည့်လိုက်တယ် နောက်ဆုံးမှာတော့ ဒီ ရင်းနှီးမလိုရှိတဲ့  ချဉ်စုပ်စုပ် အနံ့ ရှိတဲ့ ထူးထူးဆန်းဆန်း လမ်းကြားက သူမရဲ့ ရှေးပဝေသနီက မေ့လောက်ပြီဖြစ်တဲ့ မှတ်ဉာဏ်ကို နိုးထလာစေတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now