အပိုင်း ၁၀၁

2.7K 337 10
                                    

Unicode

- အထူးဆုကို ပြန်ဆင်ခြင်း

မကြာခင် ရှရှီပေ ဘဏ်ကနေ ယွမ်၂၁၀၀၀၀ လွှဲပြောင်းတာကို လက်ခံရရှိပြီး ကားကို မန်နေဂျာ‌ေထာင်ဆီ ပေးလိုက်သည်။

သူပေးလိုက်ရတဲ့ ငွေအတွက် မန်နေဂျာထောင် အသည်းကွဲနေသည်။

အဲ့ငွေတွေက သူခက်ခက်ခဲခဲ ရှာဖွေထားရတာတွေ!

အနည်းဆုံးတော့ သူ ယွမ်လေးသောင်းသက်သာတာပေါ့။

သူ ပျော်နေတဲ့ ရှရှီပေနဲ့ စုန့်ကျားရန်ကို ပြန်ပို့ပြီး သူမမျက်နှာက ပျက်သွားတယ်။

အကြာကြီးရပ်နေပြီး သူ နောက်ဆုံး အိုင်ဒီယာတစ်ခုရသွားတယ်။ သူ မြန်မြန် ဖုန်းကို ထုတ်ပြီး အထွေထွေမန်နေဂျာကို ခေါ်လိုက်တယ်။

"ဂျီအမ်လီ တစ်ယောက်ယောက်က အထူးဆုကို ပေါက်သွားတယ်!"

"ဘယ်လိုလုပ် အစောကြီးထွက်သွားရတာလဲ?"

မကောင်းတော့ဘူး။

ယေဘုယျအားဖြင့် ပြောရရင် အဲ့လိုဆုမျိုးက မြန်မြန်ပေါက်မသွားအောင် သေချာစီစဉ်ထားရတာ။

ဆုကြီးက ပေါက်ပြီးသွားပြီဆိုရင် ပွဲက အကုန်လုံးအတွက် ဆွဲဆောင်မှုရှိတော့မှာ မဟုတ်ဘူး။

"ဟုတ်တယ် ဒီကောင်မလေးက ကံက ကောင်းနေတာလေ ဘယ်သူက ထင်မှာလဲ?"

မန်နေဂျာထောင်ရဲ့ နဖူးတွင် ချွေးအေးထွက်လာတယ်။

"ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ရက်ကမှ စခဲ့တာ ရက်နည်းနည်းလောက်ကို ကျန်နေသေးတယ် ဆုကိုသာ ပြန်မဖြည့်ရင် နောက်ကျ လူတွေကို ဆွဲဆောင်နိုင်မှာမဟုတ်တော့ဘူးလို့ ကျွန်တော် ထင်တယ်" မန်နေဂျာထောင် ရှင်းပြလိုက်တယ်။

"ငါ မင်းကို ပြောတယ် ဆုကို နောက်ဆုံးနေ့မှ ဖောက်ရအောင်ဆိုတာကို!" ဂျီအမ် ဒေါသထွက်စွာ ပြောလိုက်တယ်။ "ဒါပေမယ့် မင်း ချက်ချင်း ဖောက်မယ်ပြောတာ! အခုတော့ ဒါတွေ ဖြစ်လာပြီ!"

ဆုတွေကိုသာ နောက်ဆုံးနေ့မှ ဖောက်မယ်ဆိုရင် ပြဿနာ ဖြစ်မှာမဟုတ်ဘူး။

အခုတော့ အခြေအနေတွေက ကို့ရို့ကားယားနိုင်ကုန်ပြီ။

"ဂျီအိမ်လီ ဘယ်သူကမှ ဒါကို ခန့်မှန်းနိုင်တာမှ မဟုတ်တာ ဒါပေမယ့် ကျွန်တော် ပွဲကို ဆက်လုပ်ရဦးမှာ...."

ရက်စက်သောနတ်ဘုရားမDär berättelser lever. Upptäck nu