အပိုင်း ၁၂၂

2.5K 339 5
                                    

Unicode

- အရုပ်ပေးခြင်း

လူငယ်လေးက ကို့ရို့ကားယားနိုင်စွာဖြင့် ထိုနေရာတွင်မတ်တပ်ရပ်နေပြီး သူ၏ ချစ်လှစွာသော အကောင်လေး ရှရှီပေ ခြေထောက်ကို ပွတ်နေကို ကြည့်နေရသည်။

သူမက ဂရုစိုက်လွန်းနေသောကြောင့် ကြည့်ရခက်နေသည်။

သူ ဒါက သူ့ကြောင်ဆိုတာ မသေချာတော့။ သူ့ အကောင်လေးလဲခံလိုက်ရပြီလို့တောင် ထင်နေပြီ!

"ပေပေ နင့်ကို တကယ်ကြိုက်နေတာဘဲ!" စုန့်ကျားရန် ကြောင်လေးကို ထိဖို့ ဆောင့်ကြောင့်ထိုင်ရင်း အော်လိုက်သည်။

ကြောင်လေး၏ အမွေးနုနုချောချောတို့က ကိုင်ချင်စရာကောင်းနေသည်။

သို့ပေမယ့် ဟန်နီ သူမလက်ကို ရှောင်လိုက်ပြီး ခေါင်းမော့ကာ ရှရှီပေကို တစ်ဖန်ပြန် အော်ပြလိုက်ပြန်သည်။

ရှရှီပေ တုန့်ပြန်တာကို မစောင့်ဘဲနှင့် သူ အရုပ်ကိုယူလိုက်ပြန်သည်။

ထိုကြိုးစားနေသော ‌ပုံရိပ်က ကောင်လေးနှလုံးကို ကွဲစေသည်။

"ဟန်နီ မင်း ငါ့ကို ဝမ်းနည်းအောင်လုပ်နေတာဘဲ!" သူ သု့မျက်နှာကို အုပ်လိုက်သည်။ "အဲ့အရုပ်က ငါ ကြိုးကြိုးစားစား ကောက်ထားတာလေ မင်းကတော့ ဒီတိုင်းပေးပစ်တယ်ပေါ့!"

သူ သူ့မိန်းမဖောက်ပြန်နေသလို ကွန်ပလိန်းတက်လိုက်သည်။

ရှရှီပေ လူငယ်လေးကို ရှက်ရွံ့စွာကြည့်လိုက်သည်။ သူမ ဒီကြောင်လေး သူမကို မြင်တာနှင့် စိတ်အားတအားထက်သန်မယ် ထင်မထား။

သူမ ဆောင့်ကြောင့်ထိုင်လိုက်ကာ ဟန်နီ့ခေါင်းသေးသေး‌ေလးကို ကိုင်လိုက်သည်။

အကုန်လုံး ဟန်နီ့မျက်လုံးများက ချက်ချင်း တောက်သွားတာကို မြင်လိုက်ပြီး သူ့ခေါင်းနှင့် သူမလက်ကို ပွတ်လိုက်ပြီး ကျေနပ်စွာ မျက်စိမှတ်လိုက်သည်။ ထို့နောက် ကြောင်လေးက လှဲလျောင်းကာ သူ့ဗိုက်လေးကို ဖော်လိုက်သည်။

လူငယ်လေး၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။ ဟန်နီက သူနဲ့ဆိုရင် အဲ့လောက် ပြင်းပြပြီး စိတ်အားထက်သန်မနေဘူး။ သူက မစင်ကျုံးတဲ့ အရာရှိသာသာဘဲ!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now