အပိုင်း ၁၁၇

2.5K 316 4
                                    

Unicode

- မနက်ဖြန်တွေ့မယ်

လျိုလီရှင်း အရင်က ဈေးနှုန်းကို စုံစမ်းဖူးသည်။ အိမ်အိုကိုသာ ဖျက်လိုက်ရင် သူတို့ အနည်းဆုံး တစ်သန်းလောက်တော့ပြန်ရမှာ!

တစ်သန်း!

ထိုအချိန် ရှရှီပေမှာ ရှိသည့် ယွမ်လေးသိန်းနှင့် ယှဉ်လိုက်ရင် ‌ယွမ်တစ်သန်းက အများကြီးပင်။

"ကျွန်မတို့ တစ်သန်းသာရရင် ရှောင်ချွမ်နဲ့ ထင်ထင်ကို နိုင်ငံခြားပို့လို့ရပြီ!"

နိုင်ငံခြားမှာ ပညာသင်တာက အခုချိန်မှာ ပေါ်ပြူလာဖြစ်နေသည်။ လျိုလီရှင်းရဲ့ သူငယ်ချင်းတွေက သူတို့ရဲ့ ကလေးတွေကို နိုင်ငံခြားပညာသင်ပို့ဖို့ စီစဉ်နေကြတာကြောင့် သူမလည်း သူတို့ကဲ့သို့ တူတူလုပ်ချင်နေသည်။

သို့ပေမယ့် နိုင်ငံခြားသွားတာက ပိုက်ဆံကုန်တယ်။

ဒါဟာ သိပ်ကောင်းသည့် အခွင့်အရေးပင်။ အိမ်ဖျက်တာကနေ ယွမ်တစ်သန်းရမယ်ဆိုရင် အရာအားလုံး လွယ်ကူသွားမှာပင်။

ရှရှဟိုင် လုံးဝ အံ့ဩတုန်လှုပ်သွားသည်။ သူ ယွမ်လေးသိန်းက ကိစ္စကြီးမဟုတ်ဘူးဆိုတာ ပြောနိုင်ပေမယ့် သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ယွမ်တစ်သန်းအောက်မှာ မထိန်းနိုင်တော့ဘူး။

ယွမ်တစ်သန်း!

သူ ထိုကဲ့သို့ ပိုက်ဆံအများကြီးရအောင် ဘယ်နှစ်နှစ်လောက် ရုန်းကန်ကြိုးစားနေရမှာလဲ?

လျိုလီရှင်းကတော့ တိမ်ပေါ်ရောက်နေပြီ။ "ကျွန်မတို့ ပိုက်ဆံရတာနဲ့ အိမ်အရင်ဝယ်မယ် ပြီးရင် ကျွန်မတို့...."

သူမ ရှရှဟိုင်မျက်နှာပေါ်က အရိပ်မည်းကြီးကို မမြင်၍ ပိုက်ဆံဘယ်လောက် သုံးနိုင်မည်ဆိုတာကို စိတ်ကူးယဉ်နေသည်။

သူမ နောက်ဆုံး ရပ်သွား‌ေတာ့ ရှရှဟိုင်မျက်နှာက လုံးဝ မှုန်သုန် မည်းမှောင်နေသည်။

"ရှင်ဘာဖြစ်တာလဲ?" လျိုလီရှင်း စိတ်ရှုပ်သွားသည်။

ကောင်းတဲ့ ကိစ္စမဟုတ်ဘူးလား? သူ့ဟာက ဘာလို့ ဒီလို ဖြစ်နေတာလဲ?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now