အပိုင်း ၁၉၄

316 44 0
                                    

လျိုမန်ဟုန် ရှရှီပေကို ကြည့်ပြီး ရယ်ရင်း ချီးမွမ်းသည့်ပုံစံဖြင့် လက်ခုပ်တီးလိုက်သည်။ "ဟုတ်ပြီ! ရည်မှန်းချက်ကြီးတာပဲ! အစ်မ နင့်ကို  ထောက်ပံ့မယ်!"

သူမ အပျော်လွန်နေပေမယ့် ပြောစရာစကားပျောက်ဆုံးနေသော ဖန်းယန်ကိုကြည့်ပြီး စပ်ဖြဲဖြဲဖြင့် ပြောလိုက်သည်။ "နင့်အတွက် တော်တော်ကောင်းတယ်"

ရှရှီပေ၏ အရည်အချင်းနှင့်ဆိုရင် ဘယ်ကုမ္ပဏီကိုဝင်ဝင် လွယ်လွယ်လေးပင်!

သူမ ခေါင်းကို လှည့်ပြီး ရှရှီပေကို ပြောလိုက်သည်။ "စိတ်မပူနဲ့ အစ်မနဲ့သာဆိုရင် အဲ့မယားငယ်မ ညီမလေးကို ဘာမှမလုပ်ရဲဘူး"

အမှန်အတိုင်းပြောရရင် သူမမှာ ပိုင်မေရွှယ်၏ မကောင်းတဲ့ကိစ္စလုပ်ထားတဲ့ သက်သေတွေရှိသည်။

ပိုင်မေရွှယ် လွန်ခဲ့တဲ့နှစ်တွေမှာ ပြဿနာမရှာခဲ့လို့သာ သူမ ဘာမှပြန်မလုပ်ခဲ့ချင်းပင်ဖြစ်သည်။

သို‌့ပေမယ့် သူမသာ ရန်စခံရရင် ညှာတာမှာတော့မဟုတ်။

လျိုမန်ဟုန်၏ မာန်တက်နေသော ပုံစံကိုကြည့်ပြီး ဖန်းယန် ချွေးတောင်သုတ်မိသွားသည်။

ဤအမျိုးသမီးပေါ်လာသည်နှင့် သူမ၏ အရောင်အဝါက ကွာခြားနေသည်။

သူ့အပေါ် ဖိအားပေးချင်နေသည်မှ သိသာနေသည်။

သို့ပေမယ့် သူ့မှာ ယုံကြည်ချက်မရှိ။

ပြောရရင် သူက ရှရှီပေကို စာချုပ်လက်မှတ်ထိုးခိုင်းတာဖြစ်ပြီး ရှရှီပေဘက်က တောင်းဆိုနေသည်မဟုတ်။

"စိတ်မပူပါနဲ့ ကျွန်တော်တို့ ကုမ္ပဏီက မျှတပါတယ် ဗရုတ်မကျပါဘူး" သူ မြန်မြန်ရှင်းပြလိုက်သည်။

"ဟ!"

လျိုမန်ဟုန် နှုတ်ခမ်းကို ဖိထားလိုက်ပြီး မယုံသည့်ပုံပင်။

ကုမ္ပဏီတိုင်းက တကယ်ပဲ ကျင့်ဝတ်လိုက်နာလို့လား? အနုပညာကုမ္ပဏီတွေက အဆိုးဆုံးပဲ သူတို့ဆီမှာ ဝှက်ဖဲတွေအများကြီး အုပ်ထားတာ။

သို့ပေမယ့် လျိုမန်ဟုန် ရှရှီပေကို နောက်ဆုတ်ဖို့ မတိုက်တွန်း။ ပြောရရင် ဤအရာက ရှရှီပေ၏ ဆုံးဖြတ်ချက်ပင်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now