အပိုင်း ၄၆

3.4K 438 1
                                    

Unicode

ရှရှီပေ ဖန်းယန်ဆိုတဲ့ ဖျော်ဖြေရေးလောကမှာ နာမည်ကြီးတဲ့ ထိပ်တန်းမန်နေဂျာကိုသိတယ်။ သူက သူ့ရဲ့ ‌ထူးချွန်တဲ့ လုပ်နိုင်စွမ်းတွေရယ် မကောင်းတဲ့ ကံတွေရယ် ကြောင့် လူသိများတယ်။

သူက ၂၁နှစ် အေအဆင့် ဆယ်လီ‌တစ်ယောက်ကို မွေးထုတ်ပြီးသွားပြီ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ဘဲ သူမက ချမ်းသာတဲ့ လူတစ်ယောက်ကို ကပ်ဖားရပ်ဖားလုပ်ပြီး စာချုပ်ကို ဖြတ်သိမ်းနိုင်ခဲ့တယ်။

အဲ့တာပြီးတော့ သူ အရှုံးမပေးဘူး ရှချင်းဟန်ကို ထောက်ခံအားပေးခဲ့တယ်။

သူ့ရဲ့ ညွှန်ပြမှုအောက်မှာဘဲ ရှချင်းဟန် က လူအများ မော်ကြည့်ရလောက်တဲ့ လက်ဖျားခါရလောက်တဲ့ ဆယ်လီတစ်ယောက် ဖြစ်လာခဲ့တယ်။

ဘာဘဲဖြစ်နေပါစေ ရှချင်းဟန်ကလည်း သူမ ကျော်ကြားလာတာနဲ့ သူ့ကို ကန်ထုတ်ပစ်လိုက်တယ်။

သူ စာချုပ်ဖြတ်သိမ်းခံရတဲ့ အကြောင်းက တစ်ချို့ အနုပညာရှင်တွေက သူဟာ သူ့ရဲ့ အနုပညာရှင်တွေကို မုဒိန်းကျင့်ပါတယ်ဆိုပြီး စွပ်စွဲလာကြလို့ဘဲ။

အဲ့တာတွေ ပထမဆုံး ထုတ်ဖော်ခံရတုန်းက သူဟာ အားလုံး ရွံမုန်းပြီး အပြစ်တင်ခံရတဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ လူဖြစ်နေပြီ။

သူတို့ သက်သေမရှာနိုင်ကြပေမယ့် သူ့ရဲ့ နာမည် ဂုဏ်သတင်းက ပြန်အဖတ်ဆယ်လို့ မရအောင်ကို ပျက်စီးနေပြီ။

ရှချင်းဟန်အတွက်ကတော့ သူမက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ ထိခိုက်မသွားဘူး။ သူမ ကာရိုက်တာက ချမ်းသာကြွယ်ဝတဲ့ သူကြွယ်သမီး ပြီးတော့ သူမရဲ့ ကိုယ်ပိုင် စွမ်းရည်နဲ့ သူမမိသားစုရဲ့ ကြွယ်ဝမှု ပါဝါတွေကို ပေါင်းစပ်လိုက်ရင် ဖန်းယန်က သူမကို ထိခိုက်အောင် မလုပ်ရဲဘူး။

ဒါပေမယ့် လူထုက သူမကို ကြင်နာဂရုဏာ ထားကြတုန်းဘဲ ဘာလို့လဲဆိုတော့ သူမက ဝံပုလွေနဲ့ အနီးကပ်နေခဲ့ရလို့ဆိုဘဲ!

ဒါကြောင့် ဖန်းယန် ပြဿနာတက်တာတောင် ရှချင်းဟန်ရဲ့ ဂုဏ်သတင်းက ကျော်ဇောဆဲပင်။

အရင်တုန်းက #ငါ့နှလုံးသားလေးက ရှချင်းဟန်အတွက် နာကျင်ရတယ် ဆိုတဲ့ ခေါင်းစဉ်က ရက်အနည်းငယ်လောက် ထရန်း ဖြစ်လိုက်သေးတယ်!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now