အပိုင်း ၁၁၄

2.5K 278 4
                                    

Unicode

-အလဲအလှယ်လုပ်ခြင်း

ရှရှဟိုင် နာမည်ရှိသည့် ကုမ္ပဏီတစ်ခုက မန်နေဂျာတစ်ယောက်။ သူ့ဝင်ငွေက မနည်း။

သို့ပေမယ့် သူ့ဝင်ငွေ ဘယ်လောက်နေနေ လျိုလီရှင်း ယွမ် ၂၀၀၀၀၀ရှေ့မှာတော့ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့။

ဖုန်းကိုချလိုက်ပြီး လျိုလီရှင်း သတင်းကို ချက်ချင်းပင် ပြောပြလိုက်သည်။

"သူမ ၄၀၀၀၀၀ ကျော် ဆုရတယ်?" ရှရှဟိုင် အံ့ဩပြီး မေးလိုက်သည်။

"သူမ ၄၀၀၀၀၀ ကို ဆုရတာမဟုတ်ဘူး သူမ ကားနှစ်စီးပေါက်တာကိုမှ ပိုက်ဆံနဲ့ လဲလိုက်တာ ၄၀၀၀၀၀ကျော်ရတယ်" လျိုလီရှင်း ရှင်းပြလိုက်သည်။

ရှရှဟိုင်၏ အမူအရာက ချက်ချင်းပင် ရှုပ်ထွေးသွားသည်။

အခြားကလေးတွေက ဆုပေါက်ရင် သူတို့ အပျော်လွန်နေကြမှာ။

ဒါပေမယ့် ရှရှီပေ ပေါက်တာ!

ရှရှီပေ၏ သူ့အပေါ် အရင်က ခြိမ်းခြောက်မှုတွေကို တွေးပြီး သူ့မျက်နှာက ပိုပြီး အကျည်းတန်သွားသည်။

"သူမ ပေါက်တော့ ဘာဖြစ်လဲ? ငါတို့က သူမနဲ့ အောင်ပွဲခံနေရမှာလား?"

ထိုစကားက လျိုလီရှင်းကို ကြောင်အသွားစေပြီး ခဏအကြာ အသိပြန်ဝင်တော့ သူမ မျက်မှောင်ကြုံ့လိုက်သည်။ "ရှင်ဘာတွေ ပြောနေတာလဲ?! အခု သူမမှာပိုက်ဆံတွေ အများကြီးရှိနေပြီ! သူမအတွက် အန္တရာယ်များတယ်!"

ဒါပေါ့ ရှရှဟိုင် သူ့မိန်းမဘာကို ပြောချင်တာလဲဆိုတာ နားလည်သည်။

အရင်ကသာဆိုရင် သူ သတင်းကြားရင် ပျော်နေမှာ။ ပြောရရင် ရှရှီပေက ငယ်သေးပြီး သူ သူမအတွက် ငွေကို သိမ်းထားပေးလို့ရသည်။

သို့ပေမယ့် သူတို့ကြားက ဆက်ဆံရေးကို ဖြတ်တောက်ပြီး သူ့ဆီမှာ ရှရှီပေနှင့်ပတ်သတ်တာ ဘာမှမရှိတော့။ သူမ လူပုံစံတစ်ခုလုံး ပြောင်းသွားသကဲ့သို့ပင်။ သူမ ကြမ်းတမ်းလာတယ်!

၄၀၀၀၀၀ က တကယ်ပင် များပြားလွန်းသော ငွေပင်။ ဒါပေမယ့် သူ့အတွက်ကတော့ များများစားစားမဟုတ်။ ထိုပမာဏကိုရဖို့ နှစ်နည်းနည်းလောက် အလုပ်လုပ်လိုက်ရုံပင်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now