အပိုင်း ၅၈

3.2K 396 4
                                    

Unicode

- ငါမင်းကို ကာကွယ်ရမယ်

ကျောင်းရဲ့ အနောက်က လမ်းကြား အဝင်ဝကလို ပျာပန်းခတ်ဖြစ်မနေဘဲ လူသွားလူလာနည်းတယ်။

များသောအားဖြင့် ဒီနေရာမှာ ဆိုးသွမ်းတဲ့လူငယ်တွေ ရန်ဖြစ်ကြလို့ ကျောင်းသားတွေ အလာနည်းတယ်။

ဒီနေရာကဘဲ စုန့်ကျားရန် ပြဿနာကို ဖြေရှင်းတဲ့နေရာဖြစ်တာကြောင့် သူမ ဒီနေရာမှာရှိနေလို့ စိတ်လှုပ်ရှားမနေဘူး။

ဒါပေမယ့် သူမထင်မှတ်မထားတာက ဒီမှာ ခနလောက်စောင့်လိုက်တော့ ယောက်ျားတွေအများကြီးက သူမရှေ့မှာ ပေါ်လာမယ်ဆိုပြီးပေါ့

"မင်းက စုန့်ထျန်ချင်သမီးလား?" ခေါင်းဆောင်က မှုန်သုန်သုန်မျက်လုံးတွေကို သူမကို အယုတ်တမာအကြည့်ကြည့်လိုက်တယ်။

"ရှင်ဘယ်သူလဲ?" အရပ်ရှည်ရှည်ယောက်ျားတွေကိုတွေ့တော့ စုန့်ကျားရန် စိတ်လှုပ်ရှားလာတယ်။ သူမ နိုးနိုးကြားကြားနဲ့ ဆက်မေးလိုက်တယ်။ "ရှင်တို့ ဘာလိုချင်တာလဲ?!" သူမဘေးဘက်ကို သေသေချာချာကြည့်ပြီး လွတ်လမ်းကို ရှာကာ မေးလိုက်တယ်။

"ထွေထွေထူးထူးမဟုတ်ပါဘူး ငါတို့က မင်းနဲ့ စကားပြောချင်ရုံပါ" ယောက်ျားကြီးက အချိုးမကျစွာပြုံးလိုက်ပြီး သူ့ဘေးက သူတွေလည်း ပြုံးနေတယ်။

သူတို့အပြုံးတွေကို မြင်တော့ စုန့်ကျားရန် ရင်ထဲလည်း လေးလံလာတယ်။

သူမအဖေကို သိသိရက်နဲ့ သူမကို ထိရဲတယ်ဆိုရင် လွယ်လွယ်ကူကူနဲ့တော့ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။

"ရှင်တို့ ကျွန်မကို တစ်ခုခုလုပ်ရဲရင် ကျွန်မအဖေက ရှင်တို့ကို ပြန်ပေးဆပ်အောင်လုပ်နိုင်တယ်!" သူမ သူတို့ကို အော်လိုက်တယ်။ သူမ တိုက်ရည်ခိုက်ရည်နည်းနည်းကို သင်ထားပေမယ့်လည်း သူမက မိန်းကလေးတစ်ယောက်ဖြစ်နေတုန်းဘဲ ဒီယောက်ျားကြီးတွေနဲ့ တိုက်ရတာ လွယ်မှာ မဟုတ်ဘူး။

"ဒါဆို မင်းအဖေကို ငါတို့ကို လာဖမ်းခိုင်းလိုက်ပေါ့ကွာ!" ယောက်ျားကြီးက ခနဲ့တဲ့တဲ့ပြောပြီး လက်ကို ဝေ့ယမ်းလိုက်တော့ သူ့ဘေးက လူတွေက သူ့ကို ဝိုင်းရံလာတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now