အပိုင်း ၁၂၆

2.5K 304 3
                                    

Unicode

-ရက်စက်သော ကောင်မလေး

"အား!"

"အို့! ငါ့မျက်လုံးကို ဘယ်သူထိုးတာလဲ?!"

"အိုး!"

မီးရောင် မှိန်မှိန်အောက်တွင် လူတွေ စိတ်ရှုပ်လာပြီး အော်ပြီးရင်း အော်လာကြသည်။

သူတို့တောင်ပံခတ်သံများကို ကြားနေရပြီး သူတို့ ဘာမှမလုပ်ခင်ကို အနက်ရောင်အရိပ်များက သူတို့ရှေ့တွင်ပေါ်လာသည်။

ထို့နောက် သူတို့မျက်လုံးများကို နှုတ်သီးဖြင့် အထိုးခံရပြီး နာကျင်မှုကြောင့် သူတို့ကို အော်စေသည်။

ရှရှီပေ ထိုအခွင့်အရေးကို အသုံးချကာ ‌မြေပြင်ပေါ်က အုတ်ခဲများကို ကောက်လိုက်သည်။

ဖြောင်း!

"အား!"

ဖြန်း!

"အိုး!"

အုတ်ခဲများက သူတို့ခေါင်းကို ဝိုးတဝါး ဂွက်ဂွက်ဆိုသော အသံများဖြင့် ရိုက်လိုက်သောအခါ သူတို့ ပိုပြီး ကျယ်လောင်စွာအော်လာကြသည်။

အသံက စူးရှကာ ငှက်အများစုက အံ့ဩထိတ်လန့်ပြီး အုပ်စုခွဲသွားကြသည်။

ရှရှီပေ လူတွေကို ကျွမ်းကျင်စွာ ရိုက်နေသည်ကို တွေ့ရတော့ ချောင်ရန်ကျွယ် အံ့ဩသွားသည်။

"ရပ်လိုက်စမ်း!"

ဒဏ်ရာရနေသော မျက်လုံးတစ်ဖက်ကို အုပ်ထား‌ေသာ ယောက်ျားက တစ်ဖက်က သေနတ်ကိုကိုင်ထားသည်။ သူ အော်လိုက်သည်။ "မင်းတို့ ဆက်လှုပ်ရှားနေမယ်ဆိုရင် ငါပစ်ရလိမ့်မယ်!"

ပစ်မယ်?

ချောင်ရန်ကျွယ် နောက်ဆုံးတွင် စိတ်ပြန်လည်လာသည်။ သူ အရှေ့ကို တိုးလိုက်ပြီး တိုက်ခိုက်မှုကို ရှောင်ကွင်းကာ ထိုယောက်ျားလက်မှ သေနတ်ကို ဆွဲယူလိုက်သည်။

ထိုယောက်ျား မခုခံခင်မှာပင် သူ ခြေထောက်‌ေမြှာက်ကာ သူ့ကို ကန်လိုက်သည်။

ချောင်ရန်ကျွယ် ထိုနေရာတွင်မရပ်။ သူ့လက်သီးကို သုံးပြီး ဝေ့ယမ်းလိုက်ပာ သူ့ဘေးနားလူများက ပျံဝဲသွားတော့သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now