အပိုင်း ၁၃၇

2.4K 288 1
                                    

Unicode

-ရှောင်အာ

တစ်ယောက်ယောက်သာဆိုရင် ဟန်နီ၏ ချစ်‌စရာကောင်းနေမှုကြီးကို ခုခံနိုင်မှာမဟုတ်!

သို့ပေမယ့် ရှရှီပေက သာမန်လူမဟုတ်တာကလည်း သူမအမှားမဟုတ်ပြန်။

"ချစ်စရာကောင်းအောင်လုပ်ပြလည်း လွတ်မယ်မထင်နဲ့!" သူမ ဆုံးဖြတ်ချက်ခိုင်မာနေပြီး သူ့နားရွက်ကို ဆွဲလိမ်လိုက်သည်။ "မင်း ကောင်းကောင်းမနေဘဲ မင်းမိသားစုကို စိတ်ပူအောင် လုပ်မယ်ဆိုရင် ငါ မင်းကို ကြိုက်မှာမ‌ဟုတ်တော့ဘူးနော်!"

ဟန်နီ ခဏလောက် တောင့်ခဲသွားပြီး နူးညံ့ပြီး ဆွဲသော မြောင်သံလေးနှင့် အော်လိုက်သည်။ မဝံ့မရဲဖြင့် ထိုကောင် ရှရှီပေ ပါးဆီ တိုးဝှေ့ပွတ်သပ်နေပြီး ဝမ်းနည်းကာ နာကျင်နေပုံပေါ်သည်။

သို့ပေမယ့် သူ ရွေးချယ်စရာမရှိဘဲ မကျေနပ်စွာနှင့်ပင် ခေါင်းငြိမ့်လိုက်ရသည်။

ဆိုလိုသည်က ထိုကောင် တစ်ခုခုအမှားလုပ်ပြီး ထပ်မလုပ်တော့ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။

"ဟုတ်ပြီ ကြောင်လိမ္မာလေး"

ရှရှီပေ နောက်ဆုံးတော့ ကျေနပ်သွားကာ သူမ၏ စိတ်စွမ်းအင်ဖြင့် ပွတ်သပ်ပေးလိုက်သည်။

ဟန်နီ ချမ်းမြေ့သော အပွတ်အသပ်ကို ရတော့ မျက်လံုးများတောက်သွားကာ ရှရှီပေ ပါးကို အကြင်အနာတို့ဖြင့် တစ်ဖန် တိုးဝှေ့နေပြန်သည်။

ကြောင်နှင့် လူ တော်တော်တည့်နေတာကို ကြည့်ပြီး ရန်ကျွင်းချန် သူ့နှလုံးသားလေး တစ်စစီကွဲကြေသွားသလို ခံစားလိုက်ရသည်။

အဲ့ကောင် သခင်က ဘယ်သူလဲ? ချီးဘဲ!

ဘေးနားက ထန်လော်လည်း အံ့ဩသွားသည်။ သူ ရှရှီပေကို တိရစ္ဆာန်တစ်ကောင်နှင့် ဒီလောက် နီးနီးကပ်ကပ်နေတာ ဒါပထမဆုံး တွေ့ဖူးခြင်းပင်။

ရန်ကျွင်းချန်သာ ရှိ‌မနေရင် သူ ကြောင်က ရှရှီပေ ပိုင်တာလို့ ထင်မိမှာ။

"ဟုတ်ပြီ သွားတော့ မင်းအကိုကြီးက စိတ်ပူနေပြီ"

ရှရှီပေ ဆောင့်ကြောင့်ထိုင်ပြီး ဟန်နီ့ကို အောက်ချပေးလိုက်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now