အပိုင်း ၁၄၉

1.9K 210 11
                                    

-သခင်လေးမော့

ထန်လော့မျက်နှာအမူအရာက ကားကိုမြင်တော့ အနည်းငယ်ပြောင်းသွားသည်။

အရပ်ရှည်ရှည်ယောက်ျားက မြန်မြန်ပင် ကားထဲက ထွက်လာသည်။

"ရှောင်လော်"

ထိုယောက်ျားက လျှောက်လာကာ သူတို့အုပ်စုကို သတိရှိရှိဖြင့် ကြည့်လိုက်သည်။

"မင်း မပြန်သေးဘူးလား?"

ထိုယောက်ျားက အသက် ၂၅ ၂၆အရွယ်ရှိကာ ချောင်ရန်ကျွယ်နှင့် အရပ်ရှည်တာချင်းတူတူပင်။ သူလည်း ချောမောပြီး သူ၏ ဝတ်စုံက သူ့ခန္ဓာကိုယ်အချိုးအစားကို ပြသနေသည်။

သူ့ရောင်ဝါက အားကောင်းပြီး လျစ်လျူရှုဖို့ မလွယ်။

သူနှင့် ချောင်ရန်ကျွယ် တူတူယှဉ်ရပ်ရင် လူတွေက သူတို့နှစ်ယောက် ထသတ်ကြမှာကို စိတ်ပူနေရသည်။

ရှရှီပေ ထန်လော်၏ မျက်နှာက ထိုယောက်ျားပေါ်လာတော့ အနည်းငယ်ဖြူဖျော့သွားတာနှင့် သူ့မျက်လုံးတွေက အနည်းငယ် တဖျက်ဖျက်ဖြစ်သွားတာကို သတိထားမိလိုက်သည်။

"ကိုကြီးပေါနန်" ထန်လော်၏ ခန္ဓာကိုယ်က နည်းနည်းတောင့်နေသည်။ "ကျွန်တော် ပြန်တော့မလို့ဘဲ"

"အရမ်းကြီး နောက်မကျစေနဲ့" မော့ပေါနန်မျက်လုံးက နည်းနည်းကျသွားပြီး မထူးခြားနားပေမယ့် ထန်လော့်ကိုတော့ စိတ်ပူဆဲပင်။ "ကလေးတွေက စောစောနားသင့်တယ် မဟုတ်ရင် အရပ်ထွက်လာမှာမဟုတ်ဘူး"

စကားပြောနေရင်းပင် သူ မျက်မှောင်ကြုံ့ပြီး ထန်လော့်အရပ်ကို ကြည့်လိုက်ပြီး မကျေမနပ်ဖြစ်နေသည်။

ထန်လော့်ပါးစပ်က တွန့်သွားပြီး တောင့်တောင့်ကြီး ပြန်ဖြေလိုက်သည်။ "ကျွန်--ကျွန်တော်သိပါတယ်"

ထန်လော် မော့ပေါနန်ရှေ့ ပျာယာခတ်နေတာကို မြင်တော့ ရှရှီပေ မျက်ခုံးပင့်လိုက်သည်။ သူတို့ကြားမှာ ဇာတ်လမ်းတွေရှိရမယ်!

"ပြီးတော့ မင်းတို့က....?"

မော့ပေါနန် သူတို့အုပ်စုကို စူးရှသော မျက်လုံးဖြင့်ကြည့်လိုက်သည်။ သူ ချောင်ရန်ကျွယ်ကို မြင်တော့ သူ့မျက်စံတို့က ဖျက်ကနဲဖြစ်သွားပြီး သူ့မေးရိုးတို့က နည်းနည်း တင်းကျပ်သွားသည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now