အပိုင်း ၇၀

3.1K 385 8
                                    

Zawgyi

- ပိုက်ဆံရှာခြင်း

ဒါပေါ့ ရှရှီပေက အရှုံးမပေးပါဘူး။

သူမရဲ့ အားကောင်းတဲ့ မှတ်ဉာဏ်နဲ့ သူမ ပြန်လာတဲ့ လွန်ခဲ့တဲ့ ရက်တွေအတွင်းမှာ လိုအပ်တဲ့ စာအုပ်တွေအကုန်လုံးကို ဖတ်ပြီးပြီ။

သူမ မှတ်ဉာဏ်က တစ်ခါတည်း ကြည့်လိုက်တာနဲ့ အကုန်ပြန်မှတ်မိရလောက်အောင် ကောင်းလွန်းတယ်။ ပိုကောင်းတာက သူမ တစ်ခါတည်းနဲ့ ဆယ်ကြောင်းလောက်တစ်ခါတည်း ဖတ်နိုင်တယ်။

ပြီးတော့ သူမ မေးခွန်းတွေကို ဖြေတော့ အမြဲတမ်း မြန်နေခဲ့တာ။ သူမသိတဲ့ မေးခွန်းနဲ့ မသိတဲ့ မေးခွန်းတွေကို အရှိန်တစ်ခုတည်း ဖြေနိုင်တယ် ။

သူမ သိတဲ့ မေးခွန်းတွေကို မြန်မြန်ဖြေတယ်။

မသိတဲ့ မေးခွန်းတွေကို အချိန်ကုန်မခံဘဲ ကျော်ချလိုက်တယ်။

ပြီးတော့ သူမက ဝိဇ္ဇာကျောင်းသား ဖြစ်တာကြောင့် အသိပညာအများစုက အလွတ်ကျက်တာနဲ့ ဆိုင်တယ်။

အတိတ်တုန်းက သူမ မြို့တော်M မှာရိုက်တဲ့ ဇာတ်ကားမှာ ပါဝင်ခွင့်ရဖို့ ဒုက္ခခံပြီး အချိန်ကုန်ခံ ကာ english ကို အပြောကျင့်ခဲ့တာ။ ဒါကြောင့် သူမ မြို့တော် M က လူတွေရဲ့ လေသံအတိုင်း ပြောနိုင်တယ်။

သူမနောက်ဆုံးမှာ မအောင်ပေမယ့် သူမရဲ့ english က အမြဲတမ်း အထင်ကြီးစရာကောင်းခဲ့တာ။

အဲ့အပြင်ကို သူမက maths မှာလည်း ကျွမ်းကျင်တယ်။

တကယ်တော့ ရှရှီပေ ဝိဇ္ဇာဘာသာကို ရွေးတာက ကျင်ယာကျန်းကြောင့်။ သူမက သိပ္ပံမှာ အရမ်းဆိုးရွားလွန်းလို့ သူမအတွက် ရွေးစရာ ဝိဇ္ဇာဘဲ ရှိတယ်။

သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ရှရှီပေ ကျင်ယာကျန်းကို အဖော်ပြုပေးဖို့ အတွက်ကို ဝိဇ္ဇာဘာသာကို ရွေးခဲ့တာ။

စာမေးပွဲခန်းထဲက ထွက်တော့ ရှရှီပေ အကြမ်းဖျင်း အမှတ်တွက်ကြည့်လိုက်တယ်။ သူမရဲ့ လပတ်စာမေးပွဲရလဒ်က ကျေနပ်စရာကောင်းလောက်တာကြောင့် ထိပ်ဆုံးထဲ ပါဖို့ ပြဿနာမရှိဘူး။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now