အပိုင်း ၁၂၁

2.5K 333 3
                                    

Unicode

-‌ ကြောင်လေးစီမှ လက်ဆောင်

ဖုန်းချပြီးတော့ ရှရှီပေ စုန့်ကျားရန် ပြောထားသည့် ဆိုင်သို့ သွားလိုက်သည်။

သူမ လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဘေးပတ်ဝန်းကျင်က တော်တော် နေလို့ကောင်းပြီး အနားပတ်လည်မှာ မစ်တီးဆိုင်တွေ အများကြီး ရှိပြီး ဧရိယာကလည်း လူတွေလည်း စည်ကားနေသည်။

ဆိုလိုတာက ယှဉ်ပြိုင်မှုလည်း ပြင်းထန်လာသည်ပင်။ နေ့တိုင်း ဆိုင်အချို့က ပိတ်ရပြီး ဆိုင်သစ်တွေက ဖွင့်လာကြသည်။

ရှရှီပေ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ကျေနပ်နေသည်။ ဖန်ယုံရှင်း ‌ကောင်းမွန်သည့် ရွေးချယ်မှုတွေဘဲ ပြုလုပ်သည်။ ပြီးတော့ သူမက သူမ၏ မစ်တီးတီထွင်မှုအပေါ်မှာ ယုံကြည်မှုရှိသည်။

ရှရှီပေ ရီဗျူးကြည့်ပြီးတော့ စုန့်ကျားရန်နှင့်အတူထွက်သွားကာ ဖန်ယုံရှင်းကို ကျန်သော ကိစ္စများကို ဖြေရှင်းဖို့ ထားခဲ့ကြသည်။

လမ်းနည်းနည်းလျှောက်ပြီးတော့ ရှရှီပေ စုန့်ကျားရန် သူမ အင်ကျီစကို ဆွဲလိုက်သည်ကို တွေ့လိုက်သည်။

"ဘာဖြစ်တာလဲ?"

ရှရှီပေ လှည့်ကြည့်လိုက်ပြီး မလှမ်းမကမ်းမှာ လူအများကြီး စုပြုံနေတာကို တွေ့လိုက်ရသည်။

"သူတို့ အရုပ်ကောက်နေတယ်ထင်တယ်! သွားကြည့်ရအောင်!"

စုန့်ကျားရန် လူစုလူဝေးတွေကို သဘောကျပြီး ရှရှီပေကို သူမနှင့်အတူပါအောင် ဆွဲခေါ်နေသည်။

ရှရှီပေ စုရုံးစုရုံးနဲ့ ဖြစ်နေလဲဆိုတာကို နေရာရောက်မှသိတော့သည်။

အရုပ်ကောက်နေသည့် ကောင်လေးက နည်းနည်းချောပေမယ့် ဘယ်အရာက သူတို့စိတ်ကို ဖမ်းစားနိုင်လဲဆိုတော့ သူ့ခြေထောက်နားက ဝပ်ဝပ်လေးထိုင်နေသည့် ချစ်စရာကောင်းသော ကြောင်ကလေးပင်။

လည်ပတ်ပါသည့် လမ်းလျှောက် အကောင်လေးတွေက ခေတ်မစားသေးဘူး။ ပြီးတော့ ဈေးလမ်းက အကောင်လေးတွေ ဝင်တာကို မကန့်သတ်ထားဘူး။

ကောင်လေး အနားတွင် အလွန်လှပသည့် ကြောင်လေးရှိပြီး ရှရှီပေ တောင်အမေရိကတိုက်ရှဉ့်မျိုးမှန်း မှတ်မိလိုက်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now