အပိုင်း ၁၆၂

2K 210 8
                                    

- အကုန်လုံး ကျောင်းထုတ်

ဌာနမှူးက သူတို့ သုံးယောက်ကို ခေါ်သွားတော့ လူအုပ်က အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။

"ဘုရားရေ! မျက်စိနှစ်ပေါက်ကို ကျယ်ကျယ်ဖွင့်ပေးလိုက်သလိုဘဲ! ငါ အဲ့လိုကိစ္စတွေကို တီဗီထဲမှာဘဲရှိတယ်ထင်နေတာ!"

"အဲ့ကောင်မလေး....သူမက အရင်အပတ်ကမှ တောင်းပန်ထားတာ မဟုတ်ဘူးလား? ဘာလို့ ဒီကိစ္စတွေက ဆက်တိုက်ဖြစ်နေရတာလဲ?"

"သူမကြည့်ရတာ ဆင်းရဲတဲ့ပုံလည်း မပေါ်ပါဘူး! သူမဘာလို့ သူမကိုယ်သူမ ရောင်းစားနေရတာလဲ?"

"မင်းက အရမ်းတွေးနေတာကို သူမမိဘတွေ နှစ်ယောက်လုံးက လက်ဆုပ်လက်ကိုင်ပြစရာ အလုပ်မရှိဘူး သူတို့ ဝင်ငွေကလည်း အရမ်းနည်းတယ် ငါတောင် သူမက ငါတို့ထက်ပိုပြီး ဝတ်ကောင်းစားလှတွေဝတ်ပြီး အစားကောင်းတွေ စားနေလဲတောင် စဉ်းစားမိသေးတယ် ငါက သူမကို ယန်ရွှမ်ဆင်ပေးနေတယ်ထင်တာ အဲ့ထက်ပိုတယ်ဆိုတာ ဘယ်သူက သိမှာလဲ?!"

"ကြောက်စရာကြီး!"

"ရွံစရာကောင်းတာ ဟုတ်ပြီလား?"

အချို့လူတွေကလည်း ယန်ရွှမ်၏ ကိစ္စကို စိတ်ဝင်စားကြသည်။ သူတို့ စုန့်ကျားရန်၏ မျက်နှာအမူအရာကို ကြည့်ပြီး သူမ စိတ်မတိုနေဘူးဆိုတာ သေချာမှ သူမဆီလျှောက်သွားလိုက်သည်။

"နင်တို့ ပြောတာ ယန်ရွှမ်လား? သူငါ့ကို အရင်က လိုက်ချင်နေတာ ဒါပေမယ့် သူ ငါ့ကို လှေနံနှစ်ဖက်နင်းတာတွေ့သွားလို့တောင် ငါ သူ့ကို ရိုက်ထားသေးတယ် အဲ့တာကြောင့် သူက ငါနဲ့ ဘာမှမဆိုင်ဘူး" စုန့်ကျားရန် လှောင်ပြုံးပြုံးလိုက်သည်။ "သူ သူများကို လင်ငယ်ဖြစ်အောင်လုပ်မယ်ဆိုတာတော့ ငါလည်း မထင်ထားဘူး သူက တကယ်ဘဲ စက်ဆုပ်စရာကောင်းတာဘဲ! သူ့အတွက်ကတော့ ဘယ်ဟာကမှ လုပ်ဖို့ မနိမ့်ကျဘူး!"

"မှန်တယ်! အဲ့လိုလူမျိုးက အရမ်း ရွံစရာကောင်းတာဘဲ! သူနဲ့ ကျင်ယာကျန်းက တကယ်ဘဲ ပြည့်စုံတဲ့ အတွဲဘဲ သူတို့နှစ်ယောက်လုံး အရှက်မရှိကြဘူး!"

သူတို့နှစ်ယောက်ကို‌ေပြာ‌ေသာ အကုန်လုံး၏ ရှုံ့ချမှုတွေကြောင့် စုန့်ကျားရန်၏ အပြုံးက ပိုမိုတောက်ပလာသည်။

ရက်စက်သောနတ်ဘုရားမOnde as histórias ganham vida. Descobre agora