သရဲဝင်ပူးနေတာဖြစ်ရမယ်

4.1K 532 6
                                    

Unicode

ဖုန်းချပြီးတဲ့ ‌နောက်မှာ ရှရှီပေ ဆိုဖာ ပေါ်က ထလိုက်ပြီး သွေးပူလေ့ကျင့်ခန်း လုပ်နေလိုက်တယ်

ရှရှီပေ ဟာ သူမက ရှမိသားစုရဲ့ သမီးအရင်း မဟုတ်ဘူးဆိုတာ သေချာတယ် ဒါပေမယ့် သူမ သူမရဲ့ မိဘအရင်းတွေကို ရှာဖို့ စိတ်မဝင်စားဘူး

သူမကို တုန့်ရှုလန်ဆီရောင်းဖို့ ဆုံးဖြတ်လိုက်ကတည်းက သူတို့ကြားက အဆက်အသွယ်ဆိုတာ ပြီးဆုံးသွားပြီ

ဘဝနှစ်ခုမှာ ရှင်သန်ပြီးတဲ့ နောက်မှာတော့ ရှရှီပေ သင်ခန်းစာ တစ်ခုရလိုက်တယ် အဲ့တာကတော့ ကိုယ့်အားကို ကိုးဖို့ဘဲ ဘာကြောင့်လဲဆိုတော့ မင်း အားထားနေတဲ့ တောင်တွေက ပြိုလဲပြီး မင်း မှီခိုတဲ့ လူတွေက ပျောက်ကွယ်သွားတယ်

ဒါကြောင့် ဒီဘဝတော့ သူမရဲ့ အရာအားလုံးကို ကိုယ့်ကိုကိုယ် သာ အားကိုးဖို့ ဆုံးဖြတ်လိုက်တယ်

ရှရှဟိုင် မိုးကြိုးပစ်တော့မယ့်ပုံစံနဲ့ သူ့မျက်နှာက မည်းမှောင်တိမ်ဖုံးနေပြီး နောက်နေ့မနက်မှာ စောစော ရောက်လာခဲ့တယ်

သူ ဘယ်တုန်းကမှ မိန်းမငယ်လေးတစ်ယောက်စီက ခြိမ်းခြောက်ခံရမယ်လို့ မထင်ထားခဲ့ဘူ  အဲ့ မိန်းမငယ်လေးကလည်း သူ့သမီး အရင်းတဲ့ကွာ!

သူ ဆိုဖာပေါ်ထိုင်နေတဲ့ ရှရှီပေကို ကြည့်လိုက်ပြီး ရုတ်တရက် တဟုန်ထိုး ပြေးသွားကာ လက်ကို မြှင့်မြှင့် မြှောက်လိုက်ပြီး သူမကို ရိုက်ချလိုက်တယ်

"အားးးး !!"

ရှရှီပေ သူမပါးကို ကိုင်လိုက်ပြီး ဆိုဖာပေါ်က ပြုတ်ကျသွားတယ်

"ကောင်မစုတ်လေး ငါ့ဆီက ပိုက်ဆံကို တောင်းရဲတယ်⁈"

ရှရှဟိုင် နောက်တစ်ခါ ပါးချချင်တဲ့ စိတ်ကို ထိန်းလိုက်ပြီး ဒေါသကြီးစွာ အော်လိုက်တယ်

"အားးးး !!"

ဒါပေမယ့် ခနအကြာမှာ သူ့ဆီက ကျယ်လောင်တဲ့ အော်သံကြီး ထွက်ပေါ်လာတယ်  နောက်သို့ အနည်းငယ် ဆုတ်သွားပြီး ဆိုဖာကြားထဲ လဲကျသွားတယ်

သူ ဝမ်းဗိုက်ကို ဆုတ်ကိုင်လိုက်ပြီး ရှရှီပေ ကို မယုံကြည်စွာ ကြည့်လာတယ် "ငါ့ကို ဘယ်လိုလုပ်ပြန်တိုက်ခိုက်ရဲရတာလဲ?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now