ဒီနေ့က အပြင်ထွက်လို့ မကောင်းဘူး

3.8K 460 2
                                    

Unicode

'ဟား___!'

ရှရှီပေ စကားပြောပြီးပြီးချင်း သူ့အနောက်က လူတွေက ရီသံထွက်လုနီးပါး ဖြစ်သွားတယ် သူတို့ အမြန် ပါးစပ်ကို ပိတ်လိုက်ကြရတယ်

ချောင်ရန်ကျွယ်ရဲ့ မျက်နှာကလည်း မည်းမှောင်သွားတယ်

'အန်ကယ်? ဘယ်သူက နင့် အန်ကယ်လဲ?!'

ချောက်ရန်ကျွယ်က ဒီနှစ်မှ ၂၄နှစ် သူရဲ့ အကောင်းဆုံးအချိန်ဘဲ သူက ဘာလို့ အန်ကယ် အခေါ်ခံနေရတာလဲ?

သူက သိုသိပ်တဲ့ စိတ်နေသဘောထား ရှိပေမယ့်လည်း သူ ဒီတစ်ခါတော့ တကယ် တင်းသွားပြီ

သူ့ရဲ့ လက်အောက်ငယ်သားတွေကလည်း ရီစရာလို့ တွေးသေးတယ်

ကောင်မလေးက ၁၇နှစ် ရှိသေးတယ် သူမက လူကြီး မဖြစ်‌သေးဘူး သူတို့က ၇နှစ်ဘဲ ကွာတာပါ သူတို့က အသက် တအားမကွာဘူး မလား?

သူတို့ရဲ့ မာစတာ ကျွယ်က မိန်းကလေးတွေ အများကြီး စိတ်ထဲမှာ နတ်ဘုရားဘဲ! ဒီကောင်မလေး တော်တော် လွန်နေပြီ!

အခြားသူတွေ သာ ဒီလို ပြောရဲရင် အခုဆို သူတို့ အုတ်ဂူက မြက်တွေက နှစ်မီတာ ရှည်နေလောက်ပြီ!

ထိုအရာကို တွေးလိုက်ပြီး သူတို့ ရှရှီပေကို သနားစိတ်ဖြင့်ကြည့်လိုက်တယ်

ဒါပေမယ့် ထူးဆန်းစွာ ချောင်ရန်ကျွယ်က ဗွေမယူဘူး သူ ရှရှီပေကို ကြည့်လိုက်ပြီး သူရဲ့ မျက်ခုံးကို ပင့်လိုက်တယ်

"ကိုယ့်ကို မင်း မမှတ်မိဘူးလား?"

ထို စကားလုံးတွေက ရှရှီပေရဲ့ နှုတ်ခမ်းကို တွန့်စေတယ် ပြီးတော့ သူမရဲ့ မျက်လုံးတွေကလည်း
ရွံစရာ ကောင်းသည်ကို ဖော်ပြနေတယ်

သူမရဲ့ လှပတဲ့ မျက်လုံးတွေမှာ ရေးထားတာကတော့ စက်ဆုပ်ဖွယ် သတ္တဝါ!

"အန်ကယ် အဲ့လို စကားတွေက ဒိတ်အောက်နေပါပြီနော် အိုကေ? ရှင့်မှာ ချောတဲ့ မျက်နှာလေး ရှိရုံနဲ့ ရှင်လုပ်ချင်တိုင်း လုပ်လို့ရမယ်လို့ ထင်မနေနဲ့!"

ချောင်ရန်ကျွယ် ကောင်မလေးရဲ့ ရိုင်းစိုင်းတဲ့ စကားလုံးတွေ ကြားပြီး သူ့ရဲ့ စိတ်ဝင်စားမှုတွေက မြင့်တက်လာတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now