အပိုင်း ၁၂၄

2.6K 324 2
                                    

Unicode

-စုန့်ကျားရန် (လွှမ်းမိုးချုပ်ကိုင်သော ဘော့စ်)

မသွားချင် ဖြစ်‌ေနသည့် ဟန်နီ့ကို ပို့ပြီး ရှရှီပေ စုန့်ကျားရန်နှင့် ထွက်သွားတော့သည်။

စုန့်ကျားရန် အားကျမှုအပြည့်ဖြစ်နေပြီး မေးလိုက်သည်။ "အဲ့ကြောင်က နင့်ကို ဘာလို့ အဲ့လောက်ချစ်ရတာလဲ? အဲ့ကောင် လူလိုဖြစ်တော့မှာလား?"

"ငါက ကြည့်ကောင်းလို့နေမယ်" ရှရှီပေ အပြုံးလေးနှင့် ပြန်ဖြေလိုက်သည်။

သူမ စုန့်ကျားရန်ကို ဟန်နီက သူမကို ပြင်းပြနေ‌တာက သူမအနားက ရင်းနှီးမှုကြောင့် မပြောတော့။

သဘာဝလောကပညာရှင်တစ်ယောက်အနေဖြင့် ခေတ်အသစ် နေရာအသစ်ဆိုပေမယ့်လည်း သူမဝိဉာဉ်ထဲက တစ်ချို့သော ပစ္စည်းများက ကျန်နေခဲ့သည်။

သို့ပေမယ့် ဟန်နီက အရမ်းဉာဏ်ကောင်းပြီး ထိခိုက်လွယ်သည်။ ထို့‌ေကြာင့် သူမက ညွှန်ကြားချက်မပေးခင်တောင်မှ ထိုအရာက သူမကို ချဉ်းကပ်ခြင်းဖြစ်သည်။

"ကောင်းပြီ အဲ့တာအမှန်ဘဲ!"

စုန့်ကျားရန် ဘာပြောနိုင်မှာလဲ? ရှရှီပေက တကယ်ဘဲ ကြည့်ကောင်းတာကို!

ဟန်နီက ကြောင်လေးတစ်ကောင်သာသာဘဲ မျိုးစိတ်ကွဲ‌ေနရင်တောင် အလှကြိုက်တာဘဲ!

သူတို့နှစ်ယောက် လှည့်ပတ်ကြည့်ရှုပြီး ရှော့ပင်ထွက်ကာ စားလိုက်သောက်လိုက် စကားတစ်ပြောပြောဖြင့် ပျော်ပါးနေကြသည်။

တစ်နေ့လည်ခင်းလုံး ရှော့ပင်ထွက်ပြီးတော့ ရှရှီပေ လက်ထဲ အိတ်အနည်းငယ်ကို သယ်ထားသည်။

အိတ်တွေက စုန့်ကျားရန် သူမကို ဝယ်ပေးထားသည့် ဝတ်စုံများဖြင့် ပြည့်နေသည်။

စုန့်ကျားရန် ပြည့်စုံသော ခန္ဓာကိုယ်မရှိပေမယ့် သူမရဲ့ အလှစံနှုန်းတွေက တော်တော် မြင့်သည်။ သူမ ဖက်ရှင်မဂ္ဂဇင်းများ ဖတ်ရတာကြိုက်ပြီစ ဝတ်စုံရွေးသည့်နေရာတွင် စကေးရှိသည်။

သူမ လုံးဝပိန်ကျသွားမှ အဝတ်အစားများ ဝယ်ချင်သည်။ သို့ပေမယ့် သူမ လှ‌ပသော အဝတ်အစားများမြင်လျှင် မျက်လုံးများ တလက်လက်ဖြစ်လာပြီး ပိုက်ဆံကို မစဉ်းစားတော့။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now