အပိုင်း ၁၅၀

1.9K 207 6
                                    

- နေရာလွတ်

"နင် အဆင်ပြေတာ သေချာလို့လား?" ရှရှီပေ စိတ်ပူနေတုန်းပင်။

"ငါ တကယ် ဘာမှမဖြစ်ဘူး ငါမပူတော့ဘူး" ထန်လော် ပြုံးကာ သူ့ခေါင်းကို ရမ်းလိုက်သည်။ သူ သူ့နဂိုပုံစံကို ပြန်ရောက်သွားသည်။

"နင် နေမကောင်းရင် ငါ့ကို ပြော"

"အွန်းပါ"

သူတို့နှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် ဂရုစိုက်နေတာကို ကြည့်ပြီး ဘေးက ယောက်ျားနှစ်ယောက်က ထိုမြင်ကွင်းကို မျက်စိဆံပင်မွေးစူးစရာလို့ မြင်နေသည်။

မော့ပေါနန် မျက်မှောင်ကြုံ့လိုက်သည်။ "မင်း နေမကောင်းရင် ငါ့ကိုပြော မင်းတစ်ယောက်တည်း ကြိတ်ခံမနေနဲ့"

"ကျွန်တော် တကယ် ဘာမှမဖြစ်ပါဘူး!" ထန်လော် ကျိမ်ဆိုနီးနီးဖြစ်နေပြီ။

"အဲ့တာဆိုလည်း ပြီးတာဘဲ ပြန်ရအောင်" မော့ပေါနန် ပြောလိုက်သည်။ "မင်း မနက်ဖြန် အတန်းချိန်တွေ ရှိသေးတယ်"

ကျောင်းသားတစ်ယောက် ညနက်သည့်ထိနေတာက မကောင်း။

"‌ဟုတ်ကဲ့" ထန်လော် ခေါင်းငြိမ့်ကာ အရမ်း နာခံနေသည့်ပုံပေါ်သည်။

"ကိုယ်တို့လည်း ပြန်ရအောင်" ချောင်ရန်ကျွယ် ရှရှီပေကို ပြောလိုက်သည်။

"ကျွန်မဘာသာ ကျွန်မ ပြန်နိုင်ပါတယ်" ရှရှီပေ သူ့ကို အကြည့်တစ်ချက်ပစ်လွှတ်လိုက်သည်။ "ကျွန်မတို့ သွားမယ့်လမ်းမှမတူတာ ရှင့်ကို အနှောင့်အယှက်ပေးစရာမလိုပါဘူး"

ရှရှီပေ၏ ငြင်းဆိုမှုက ချောင်ရန်ကျွယ်ကို ရှက်ကိုးရှက်ကန်းဖြစ်စေသည်။ ဘာလို့ ဒီကောင်မလေးက ခေါင်းတော်တော်မာရတာလဲ?

"ကိစ္စမရှိဘူး ကိုယ်လည်း အဲ့သွားဖို့ လမ်းကြုံနေတာဘဲ အခုချိန်မှာ တက္ကစီငှားရတာက မလွယ်ဘူး"

သူ ပြောပြီးတာနှင့် ရှရှီပေ လမ်းဘက်ကို လက်ထုတ်လိုက်သည်ကို သူမြင်လိုက်သည်။

နောက်ခဏတွင် ကားတစ်စီးရောက်လာသည်။

ကားက စက်ရပ်ကာ ဒရိုင်ဘာက ကားမှန်ကို ချလိုက်သည်။ သူ မပြောခင် ချောင်ရန်ကျွယ်ဆီကနေ ရေခဲတမျှအေးစက်သော အကြည့်နှင့် မိတ်ဆက်သွားပြီး အနည်းငယ် တုန်ယင်သွားသည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now