အပိုင်း ၃၅

3.7K 464 2
                                    

Unicode

-ရန်မဖြစ်တော့ဘူး

ဆရာတွေက ယန်ရွှမ်ရဲ့ စကားတွေက အဓိပ္ပာယ် မရှိ‌တာ‌ေကြာင့် အစကတည်းက သံသယဝင်နေတာ

ကောင်မလေးက သူ့ကို လိုက်လို့မရလို့ ရိုက်တယ်ဆိုတဲ့ကွာ___လူတွေသာ ဒါတွေသိရင် သူတော့ ရိုက်ခံရတော့မှာ!

အထူးသဖြင့် ရှရှီပေလို အားနည်းပျော့ညံ့တဲ့ မိန်းကလေးကိုမှလေ သူမက ယန်ရွှမ်လို ယောက်ျားလေးကို ဘယ်လို တိုက်ခိုက်ရမှာလဲ?

ယန်ရွှမ့်အမေရဲ့ စိတ်ဓာတ်နဲ့ အပြုအမူကလည်း သူ့ကို အကူအညီ မဖြစ်စေဘဲနဲ့ ပိုပြီး ရွံစရာကောင်းစေတယ်

ယန်ရွှမ့်အဖေကိုပြောရရင် သူက စကားများများစားစား မပြောပေမယ့်လည်း သူ့ရဲ့ ပူးပေါင်းပါဝင်မှု မရှိခြင်းကလည်း သူတို့ရဲ့ မနှစ်မြို့မှုကို တိုးပွားစေတယ် သူက တိတ်ဆိတ်နေပြီး သူရဲ့ ဇနီးနဲ့ သားကို ဒီလို အပြုအမူတွေနဲ့ ပြုမူစေပြီး သူတို့ အနောက်မှာသာ ရပ်နေတယ် သူ့ကြောင့်သာ မဟုတ်ရင် ယန်ရွှမ့်အမေက ဒီလို ကြမ်းတမ်းပြီး ယုတ္တိမရှိတာတွေ လုပ်ရဲမှာ မဟုတ်ဘူး

သူတို့သာ မှန်နေမယ်ဆိုရင် သူတို့ အပြုအမူတွေက အနည်းဆုံးတော့ ဆရာတွေကိုစိတ်မသက်မသာ ဖြစ်စေရမှာလေ ဒါပေမယ့် သူတို့က အခုတွေ လိမ်နေတဲ့သူတွေ!

ဒီလို သူတို့လုပ်ခဲ့တာကို ဘာလို့ သူများကို   ပြောင်ပြောင်တင်းတင်း ဝေဖန်နေရတာလဲ?

"ရှရှီပေ ဒီကိစ္စ ဘယ်လို ရှင်းသင့်တယ်လို့ထင်လဲ?" ဆရာလျို က ရှရှီပေကို နှစ်သိမ့်မှုအပြည့်နဲ့ အားပေးနေတယ်

ရှရှီပေ ရင်ထဲမှာ နွေးထွေးမှုတွေနဲ့ ပြည့်နှက်သွားပြီး စိတ်လှုပ်ရှားနေတဲ့ အပြုံး ကို ပြုံးပြလိုက်တယ် "ဒါက.....သမီးမှာ တခြားပြောစရာမရှိပါဘူး သမီး ပိုက်ဆံဘဲ သူ့ကို ပြန်ပေးစေချင်တာ"

"မဖြစ်နိုင်ဘူး!" ယန်ရွှမ့်အမေက ဒေါသတကြီးပြောတိုလိုက်တယ် "ငါတို့ ရွှမ်ရွှမ်က နင့်ဆီကနေ ပိုက်ဆံ မ‌ေချးဖူးဘူး!"

"မဒမ်ရှယ်!" နောက်ဆုံး ဆရာလျိုက ပေါက်ကွဲလာတယ် "ချေးထားတဲ့ ငွေ ပြန်ဆပ်ရမှာ ထုံးစံဘဲ ဒါက လိုက်နာရမဲ့ ဝိနည်းတွေဘဲ!" သူ့ရင်ဘတ်က လျင်မြန်စွာ တက်လိုက်ကျလိုက် ဖြစ်နေတယ် "ကျွန်တော်တို့ ဒီကိစ္စကိုတရားရုံး တင်လိုက်ရင် ခင်ဗျားတို့ဘဲ အပြစ်ရှိတယ်ပေါ်လိမ့်မယ် ဒါက သက်သေကို ခင်ဗျား ဝါးစားလိုက်တာနဲ့ ပြီးသွားမယ်မထင်နဲ့!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now