အပိုင်း ၁၃၀

2.6K 293 2
                                    

Unicode

- ကိုယ်မင်းကို ပြန်လိုက်ပို့ပေးမယ်

ချောင်ရန်ကျွယ် မျင်မှောင်ကြုံ့လိုက်သည်။ သူ ဤကိစ္စကို မြန်မြန်ဖြေရှင်းရသည့်အကြောင်းအရင်းက ရှရှီပေကြောင့်ပင်။

သူမက ဆိုးရွားတဲ့နေရာမှာ နေနေရသည့် ကောင်မလေးငယ်ငယ်လေးဖြစ်သည်။ သူမ နေရာထိုင်ခင်းပြောင်းရရင် ကောင်းလိမ့်မည်။

သူ ဒီကိစ္စကို မတွေးမိတာ တော်တော်ဆိုးတာဘဲ။

သူ ရှရှီပေက သူမမိဘတွေနှင့် ဆက်ဆံရေးမကောင်းတာကိုသိပေမယ့် သူတို့ကို သူ ခေါင်းထဲမထည့်ထား။

သို့ပေမယ့် သူမက အရွယ်မရောက်သေးတာနှင့် ကိစ္စအများကြီးကို သူမဘာသာသူမ မကိုင်တွယ်နိုင်သေးကြောင်းကို သူမေ့သွားသည်။

သူ ရှက်နေတုန်းမှာပင် ချောင်ရန်ကျွယ်၏ အတွင်းရေးမှူးက လေးလံပုံရသည့် အိတ်ထုတ်အများကြီးသယ်ပြီး ပြန်လာသည်။

ရှရှီပေ အိတ်တွေကို ကြည့်လိုက်သည်။ ထိုအရာတွေက သူမ စောစောက ဝယ်ခဲ့သည့် ဆိုင်နှစ်ဆိုင်ကပင်။

သို့ပေမယ့် ဒါကြီးကတော့ များလွန်းသွားပြီ!

ချောင်ရန်ကျွယ် ဖွဖွလေး ချောင်းဟန့်လိုက်ပြီး အိတ်တွေအကုန်လုံးကို ယူကာ ရှရှီပေ အရှေ့က စားပွဲပေါ်တွင် တင်လိုက်သည်။

"ဒါတွေအကုန်လုံးက မင်းအတွက်ဘဲ"

ရှရှီပေ အပေါ်ယံကြည့်လိုက်ပြီး မှင်သက်သွားသည်။

စုန့်ကျားရန် သူမကို အဝတ်ငါးစုံပေးတာ ဖြစ်ပေမယ့် ဒါတွေက အနည်းစုံ အစုံငါးဆယ်လောက်ရှိတယ်!

ချောင်ရန်ကျွယ်ရဲ့ အတွင်းရေးမှူးက တစ်ဆိုင်လုံးများသိမ်းကြုံးဝယ်လာတာလား?

"ဒါတွေက မလောက်သေးရင် ကိုယ် မင်းအတွက် နောက်ထပ်ဝယ်ခိုင်းလိုက်မယ်"

ချောင်ရန်ကျွယ်၏ ရက်ရောသော စကားလုံးတို့က ရှရှီပေ ပါးစပ်ကို တွန့်သွားစေသည်။

သူမ ဈေးနှုန်းတွေကို လှန်လှောကြည့်ပြီး ဈေးနှုန်းတွေကြောင့် မိန်းမောသွားသည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now