အပိုင်း ၁၇၄

1.3K 140 2
                                    

- ဘေးအန္တရာယ်ဖြစ်လာရင် ကိုယ့်လမ်းကိုသွား

လျိုလီရှင်းနှင့် ရှရှဟိုင်တို့ သူတို့နာမည် အခေါ်ခံရတော့ တွေဝေစွာ ခေါင်းငြိမ့်လိုက်ကြသည်။ "ဟုတ်ပါတယ် ကျွန်မတို့ပါ...."

"အချိန်က ကိုက်နေတာဘဲ အဲ့တာဆို ကျုပ်တို့ ပါတနာစခန်းက အခုလေးတင် အဲ့လူတွေ ဝန်ခံပြီလို့ သတင်းပို့လာတယ် အဲ့တာကြောင့် ခင်ဗျားတို့ စစ်ဆေးဖို့အတွက် ပူးပေါင်းပေးပါ ခင်ဗျားတဲ့ ဒီမှာ တိုက်တိုက်ဆိုင်ဆိုင်ရှိနေတာဆိုတေယြ ကျုပ်တို့ တစ်ခါမသွားရတော့ဘူးပေါ့"

သူ့စကားတွေကြားပြီး သူတို့မျက်နှာတွေ ဖြူဆုတ်သွားသည်။

"စစ်ဆေးတာကို ပူးပေါင်းပါဝင်ပေးပါဆိုတာ ဘာကို ဆိုလိုတာ‌လဲ?"

"ဆိုလိုတာက အဲ့လူတွေက ခင်ဗျားတို့ပါ ပါတယ်ဆိုတာကို ပြောလိုက်ပြီ အဲ့တာကြောင့် နောက်က ကြိုးကိုင်တဲ့သူတွေအနေနဲ့ ခင်ဗျားတို့ ဒီတိုင်းသွားလို့မရဘူးဆိုတာဘဲ!" ဘေးကနေ ဝင့်ကြွားနေသည့်သူက ရဲကို ကူညီသည့်အနေဖြင့် သူ့ကို စကားပြန်ပေးလိုက်သည်။

"မဟုတ်ဘူး!မရဘူး!" ရှရှဟိုင် အော်လိုက်သည်။ "ဒါက ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး!"

နောက်က ကြိုးကိုင်သူ__ဒါက တော်တော်ကြီးသည့် ရာဇဝတ်မှုပင်။

သူ ထိုအရာကို လက်ခံနိုင်သည့်အကြောင်းမရှိ!

"သူမဘဲ! သူမဘဲ အကုန်လုံးလုပ်တာ!" ရှရှဟိုင် လျိုလီရှင်းကို မြန်မြန်အရှေ့တွန်းပို့လိုက်သည်။

"ရှရှဟိုင်!" လျိုလီရှင်း ရှော့ရ၍ မျက်နှာက ဖြူလျော့သွားသည်။ သူမ ဤယောက်ျားက တာဝန်ယူမှုတစ်စက်မှ မရှိဆိုတာကို ဘယ်တုန်းကမှ တွေးမထားခဲ့။ ပြဿနာက ဖြေရှင်းလို့မပြီးသေး သူက သူမကို ချက်ချင်း တွန်းပို့နေပြီ!

ဘေးက ဝိုင်းရံနေသည့် လူတွေ၏ မျက်နှာပေါ်တွင် အထင်သေးမှုတို့ဖြင့် ပြည့်နှက်သွားသည်။

လူတွေက ထင်ပေါ်သော ဆိုရိုးတစ်ခုကို ကြားဖူးသည်။ "လင်နှင့်မယားက တောအုပ်ထဲက ငှက်တွေလိုပင် အန္တရာယ် ကျရောက်လာလျှင် ဘယ်လိုနေနေ သူတို့ လမ်းကို သူတို့ သွားကြသည်ပင်" သို့ပေမယ့် သူတို့ 'ကိုယ့်လမ်းကိုသွား' သရုပ်ကို အခုမှ လူကိုယ်တိုင် ပထမဆုံး မြင်ဖူးကြခြင်းပင်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now